ဒါဟာ လေဆိပ်စစ်ဆေးရေးဝန်ထမ်းဟောင်းတစ်ဦးရဲ့ အကြံပြုချက်တွေပါ။

ခရီးသွားတဲ့အခါ လေယာဉ်နဲ့သွားဖို့ ဖြစ်လာပြီဆိုရင် ဒါတွေကို ဝတ်မသွားသင့်ဘူးလို့ လေဆိပ်မှာ စစ်ဆေးရေးတာဝန် ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးက ဆိုပါတယ်။ အစစ်အဆေးများတဲ့ လေဆိပ်တွေမှာဆိုရင် ကိုယ့်ရဲ့ အဝတ်အစားကြောင့် အချိန်ကြန့်ကြာတာတွေ ဖြစ်နိုင်တယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ ရိုးရှင်းတဲ့အဝတ်တွေကို ဝတ်တာတော့ အကောင်းဆုံးပါ။

၁။ စကပ်ရှည်ကြီးတွေနဲ့ dress တွေ

7r09zx-l-610x610-skirt-maxi+skirt-long+skirt-stars-printed+skirt-black+skirt-chiffon+skirt-boho+chic-long+coat-duster+coat-light+blue-blue+coat-graphic+tee-office+outfits-outfit+idea-black+choker.jpg 

လေဆိပ်မှာ ကုန်းကုန်းကွကွလုပ်ဖို့၊ သွားလာလှုပ်ရှားဖို့အတွက် စကတ်ဖားဖားရှည်ရှည်ကြီးတွေကို ရွေးလိုက်တာ ကောင်းသလိုလိုတော့ ထင်ရတာပဲ။ ဒါပေမဲ့ ရှာဖွေစစ်ဆေးတဲ့လူကတော့ စကတ်အောက်မှာ တစ်ခုခုများ ဖုံးလာသလားဆိုပြီး ပိုစစ်တော့မှာပါ။ Dress တွေလည်း အတူတူပါပဲ။

၂။ ကလစ်နဲ့ ဆံထိုးတွေ

download.jpg 

ယိုးဒယားကလစ်လို့ ခေါ်ကြတဲ့ ကလစ်လေးတွေဟာ သံနဲ့လုပ်ထားတာပါ။ တစ်ခုထိုးထားရုံနဲ့တဲ့ စက်က အသံတွေထမြည်နေရော။ သံကလစ်တွေ၊ ဆံထိုးတွေကို အများကြီးထိုးထားရင် တစ်ခုချင်းစီ ဖြုတ်နေရတာနဲ့ အချိန်ကုန်ရော။

၃။ အိပ်ကပ်များများပါတာတွေ

DSC_1335.jpg 

အိပ်ကပ်များများပါတဲ့ ဘောင်းဘီတွေကလည်း အဆင်မပြေပါဘူး။ လုံခြုံရေးက စစ်တဲ့အခါ အိတ်တွေကို တစ်ခုချင်းစီ ကြည့်မယ်၊ ပြီးရင် အိတ်ထဲပါသမျှ ထုတ်ခိုင်းဦးမယ်။ အဲ့တာနဲ့တင် တော်တော် အချိန်ကုန်ရတယ်လေ။

Source : Bazaar


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က