အလှအပရေးရာနဲ့ ပတ်သက်လာရင် တစ်ခုခု ခေတ်စားပြီဆို လိုက်လုပ်ချင်ကြတာပါပဲ မဒီလေးတို့ရေ။ သူများလုပ်တာလေးတွေကြည့်ရင်း အားကျလို့ လုပ်မိတာရော၊ အွန်လိုင်းပေါ်မှာတွေ့လို့ လက်တည့်စမ်းကြည့်တာရော ပါတာပေါ့။ ပြီးခဲ့တဲ့နှစ်တုန်းက လိုက်လုပ်ခဲ့ကြတဲ့ အလှပြင်နည်းတွေကို ဒီနှစ်မှာ ရပ်တန့်လိုက်ဖို့ ကောင်းပါပြီ။

၁။ Body Contour

play
 

ရင်သားတွေ ကိတ်သယောင် ထင်ရအောင် မိတ်ကပ်အညိုတွေ အဖြူတွေသုံးပြီး ရင်ဘတ်တဝိုက် ပုံဖော်ကြတယ်။ Body contour လုပ်ရတာ အချိန်လည်း အတော်ပေးရပါတယ်။ ပုံထဲမှာ ကြည့်ကောင်းရုံသာ ဖြစ်ပေမဲ့ လက်တွေ့ ကိတ်လာတာမဟုတ်တော့လည်း အားမပေးချင်ဘူး။ အချိန်ကုန် မိတ်ကပ်ကုန်တယ်။ ကိုယ့်ခန္ဓာကိုယ်အပေါ် ယုံကြည်မှုရှိရှိနဲ့ပဲ ရပ်တည်ကြစို့လေ။

၂။ အထူးအဆန်းမျက်ခုံးမွေးတွေ

play
 

လှိုင်းတွန့်ပုံ မျက်ခုံးတွေ၊ ငှက်မွေးတောင်ပုံစံတွေ မနှစ်တုန်းက လိုက်လုပ်ခဲ့ကြတယ်။ ဒီ့ထက်လည်း ပိုများပါသေးတယ်။ အဲ့ဒီတုန်းကလည်း ယာယီပဲမဟုတ်လား။ အထူးအဆန်းမျက်ခုံးတွေနဲ့ အပြင်သွားတိုင်း လူတွေက ကိုယ့်ကို အရူးလိုကြည့်တာကို မပျော်သင့်တော့ဘူး။

၃။ ဘဲခြေထောက်လက်သည်း

play
 

လက်သည်းရှည်ဒီဇိုင်းကိုမှ ဘဲခြေထောက်လို ထိပ်ပိုင်းမှာ ကားနေပုံတွေလည်း ခေတ်စားခဲ့သေးတယ်။ အထူးသဖြင့် နှစ်ကုန်ခါနီးလောက်မှာပေါ့။ ခုတော့ ဘယ်သူမှ ဒီလက်သည်းမျိုး မထားကြတော့ဘူး။ အဆင်မှ မပြေတာ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video