ဘေးထွက်ဆိုးကျိုးလည်းမရှိဘူး၊ ပိုက်ဆံကလည်း ကြက်ဥတစ်လုံးဖိုးပဲကုန်တာ။ ရလဒ်ကတော့ တကယ်မိုက်တယ်။

နှာခေါင်းနဲ့ ပါးပြင်ပေါ်က ဆားဝက်ခြံတွေဟာ တကယ်ပဲ မုန်းစရာကောင်းလိုက်တာနော်။ မဒီ အမုန်းဆုံးကို ပြောရရင်တော့ နှာခေါင်းပေါ်က ဆားဝက်ခြံ စူးစူးကြီးတွေပဲ။ မည်းမည်းစူးစူးတွေနဲ့မို့ မိတ်ကပ်လိမ်းတိုင်းလည်း ကွက်သွားတယ်။

 

ဆားဝက်ခြံကပ်ခွာတွေကို သုံးကြည့်တော့ ကပ်ခွာတိုင်းကလည်း အဆင်မပြေပါဘူး။ ကပ်ခွာသုံးပြီးမှ နှာခေါင်းနားတဝိုက်က အသားအရေ ပျက်စီးသွားလို့ မည်းပြီးကျန်ခဲ့တယ်။ အဲ့တာနဲ့ပဲ သဘာဝနည်းကိုသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြက်ဥအကာကိုသုံးပြီး ဆားဝက်ခြံတွေကို ရှင်းမှာပါ။

ဘဲဥ/ကြက်ဥတစ်လုံးရဲ့ အကာကိုပဲ ယူပါ။ အကာတွေကို ခလောက်လိုက်ရင် လိမ်းရပိုလွယ်ပါလိမ့်မယ်။ မျက်နှာကို မျက်နှာသစ်ဆပ်ပြာနဲ့ ဆေးကြောသန့်စင်ပြီးရင် ဆားဝက်ခြံရှိတဲ့နေရာတွေကို ရေနွေးဝတ်လေးနဲ့ ကပ်ထားလိုက်တော့ ဆားဝက်ခြံတွေ ပိုကြွလာတာပေါ့။

 

ခလောက်ထားတဲ့ ကြက်ဥအကာတွေကို မိတ်ကပ်လိမ်းတဲ့ဘရပ်ရှ်လေးနဲ့ ဆားဝက်ခြံရှိတဲ့ နေရာတွေကို သုတ်လိမ်းလိုက်တယ်။ ပြီးရင် တစ်ရှုးစက္ကူတစ်လွှာကို ကြက်ဥအကာသုတ်ထားတဲ့နေရာပေါ်မှာ ကပ်လိုက်ပါတယ်။ နောက်ထပ်တစ်လွှာ ထပ်သုတ်လိမ်းပြီး အပေါ်က တစ်ရှုးတစ်လွှာ ထပ်အုပ်ထားလိုက်တယ်။

 

ပြီးသွားရင်တော့ ကြက်ဥအကာတွေ ခြောက်သွေ့ပြီး တစ်ရှုးစက္ကူခြောက်လာအောင် စောင့်နေလိုက်ပါ။ ခြောက်သွားတဲ့အခါ စက္ကူကို ဖြည်းဖြည်းချင်းခွာလိုက်ရင် ဆားဝက်ခြံတွေ ကပ်ပါလာတာကို တွေ့ရပါလိမ့်မယ်နော်။ ခွာပြီးတော့မှ toner လေး လူးပြီး moisturizer လေးထပ်လိမ်းလိုက်မယ်ဆို မျက်နှာလေးက တင်းရင်းစိုပြေနေတာကို တွေ့ရမှာ အသေအချာပါပဲရှင်။

Share

Loading Next Article...
က္က