ပျက်စီးနေတဲ့ အသားအရေကိုလည်း ဒီလိုနည်းနဲ့ လွယ်လွယ်ကူကူ ပြန်ပြုပြင်ပေးလို့ ရတယ်လေ။

နှစ်ကူးကာလ ပိတ်ရက်ဆက်တုန်းက ခရီးတွေ သွားခဲ့လို့ အသားအရေတွေလည်း ပျက်စီးခဲ့ရတယ်ဟုတ်။ အေးတဲ့ဒေသတွေကို ခရီးထွက်တာပဲဖြစ်ဖြစ် ပင်လယ်ကမ်းခြေကို သွားတာပဲဖြစ်ဖြစ် ဘယ်သွားသွား အသားအရေကတော့ အနည်းနဲ့အများ ဆိုသလို ထိလာတာပဲ။ နှစ်သစ်မှာ ကိုယ့်အသားအရေလေး ကောင်းမွန်အောင် အဆိပ်အတောက်ပြေအောင် လုပ်ပေးပါဦး။

အသားအရေကို အဆိပ်အတောက် ပြေပြီး ပြန်လည်ကောင်းမွန်လာစေမယ့် နည်းလေးတစ်ခု ရှိပါတယ်။ အဲ့ဒီအတွက် လိုအပ်တာကလည်း ၃ မျိုးတည်းပါ။

 

ပထမဆုံး အုန်းဆီစစ်စစ်ကို သုံးပါမယ်။ အုန်းဆီက အသားအရေကို စိုပြေစေပြီး ဘက်တီးရီးယားတွေကိုလည်း သေစေတယ်လေ။ ခွက်ထဲကို အုန်းဆီထည့်လိုက်ပါ။ နောက်တစ်ခုက tea tree oil လေး ၃ စက်လောက်ကို အုန်းဆီထဲ ထပ်ထည့်ပါ။ Tea tree oil က ဝက်ခြံတွေကို သက်သာပျောက်ကင်းစေတယ်။ ရောင်ရမ်းတာကိုလည်း လျော့ကျစေနိုင်တယ်။

 

နောက်ဆုံးတစ်ခုကတော့ peppermint oil ကို ၂ စက်လောက် ထပ်ထည့်ပေးရမယ်။ ဒါကလည်း tea tree oil လိုပဲ အာနိသင်ကောင်းတယ်။ ပိုးတွေသေစေပြီး မျက်နှာလေးကို အေးနေရောပဲ။ အားလုံးရောပြီးရင် ဂွမ်းစလေးနဲ့ယူပြီး မျက်နှာနဲ့ ခန္ဓာကိုယ်အပေါ် သုတ်လိမ်းပေးထားရပါတယ်။

 

မိနစ် အနည်းငယ်လောက် ထားပြီးတော့မှ ရေဆေးချရမှာပါ။ လိမ်းထားချိန်မှာလည်း အေးအေးမွှေးမွှေးလေး ဖြစ်နေတော့ စိတ်ကိုလည်း သက်တောင့်သက်သာ ဖြစ်စေတယ်။ ပျက်စီးနေတဲ့ အသားအရေကိုလည်း ဒီလိုနည်းနဲ့ လွယ်လွယ်ကူကူ ပြန်ပြုပြင်ပေးလို့ ရတယ်လေ။

Source : Shape

Share

Loading Next Article...
က္က