ဝတ်စားဆင်ယင်မှုကလည်း အလုပ်ရဖို့အတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေပါတယ်။

ကိုယ်လျှောက်ထားတဲ့အလုပ်က အင်တာဗျူးဖြေဖို့ ခေါ်လာပြီဆို သပ်သပ်ရပ်ရပ်လေး ဝတ်စားဆင်ယင်သွားဖို့ကတော့ အထွေအထူး ပြောစရာမလိုဘူး ထင်ပါတယ်နော်။ အခု ပြောချင်တာက အလုပ်အမျိုးအစားပေါ် မူတည်ပြီး ဝတ်ရမယ့်အကြောင်းပါ။ ပိုပြီး အသေးစိတ်ကျသွားမယ့်အပြင် ကိုယ့်အတွက်လည်း အလုပ်ရဖို့ အခွင့်အလမ်းပိုတိုးလာစေမှာပါနော်။

၁။ Creative Interview

35.jpg 

Creative ပိုင်းနဲ့ သက်ဆိုင်တဲ့ အင်တာဗျူးမျိုးမှာဆိုရင် ကိုယ့်ရဲ့ အမြင်ဟာ တောက်ပနေတယ်ဆိုတာကို သိအောင်လို့ အဝတ်အစားနဲ့ ဖော်ပြသင့်ပါတယ်။ ရိုးရှင်းတဲ့ ဒီဇိုင်းမျိုးကို မဝတ်သင့်ဘူး။ Pattern ကောင်းကောင်းနဲ့ အရောင်လွင်လွင်ကို ရွေးသွားစေချင်ပါတယ်။ နားဆွဲလေး ဆွဲသွားရင်လည်း ပိုကောင်းတယ်။

၂။ ဥပဒေနဲ့ ဘဏ္ဍာရေးပိုင်းအလုပ်

ဥပဒေပိုင်းနဲ့ဆိုင်တဲ့ ရုံးတွေအလုပ်တွေ၊ ဘဏ်နဲ့ ဆက်စပ်လုပ်ငန်းတွေမှာ အလုပ်လျှောက်ထားရင်တော့ အဝတ်အစားဝတ်ရမယ့် ဒီဇိုင်းက သတ်မှတ်ချက်ရှိပါတယ်။ စမတ်ကျကျနဲ့ သပ်ရပ်ပေါ်လွင်နေဖို့ပါ။ ဒါက ကိုယ့်အလုပ်ကိုပါ ဖော်ပြနေရာရောက်ပါတယ်။ ပုံကျကျ ချုပ်ထားတဲ့ စတိုင်လ်ပန် (ဘောင်းဘီရှည်)နဲ့ ကုတ်အကျႌတစ်ထည်ကို ဝတ်သွားတာ အကောင်းဆုံးပါပဲ။ လက်ကိုင်အိတ်တစ်လုံးကတော့ ဒီဖက်ရှင်ကို အကောင်းဆုံးဖြည့်စွက်ပေးတဲ့အရာပါ။ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးနဲ့လည်း တူသွားစေတယ်။

၃။ ဖက်ရှင်နဲ့ဆိုင်တဲ့အလုပ်

114.jpg 

ဖက်ရှင်ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်ထားတာလား။ ဒါဆိုရင်တော့ ကိုယ်သိထားသမျှ ဖက်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသုတ၊ ကိုယ့်ရဲ့ ဖက်ရှင်ခံယူချက်တွေကို အင်တာဗျူးမှာ ထုတ်ပြလိုက်ပါ။ သမားရိုးကျ ဝတ်စုံတွေကို ခေါက်ထားပြီး အသွင်ဆန်းတစ်ခုဖြစ်စေမယ့် ခပ်မိမိဒီဇိုင်းကို ပြင်သွားနိုင်ပါတယ်။

၄။ နည်းပညာပိုင်း သို့မဟုတ် startup

ဒီမှာတော့ အလွန်အကျွံ ပြင်ဆင်တာမျိုး မလုပ်မိအောင် သတိထားပါ။ မိတ်ကပ်နဲ့ဆံပင်ကို အလွန်အကျွံဖြစ်နေရင် ကိုယ့်ကို သဘောကျကြမှာမဟုတ်ဘူး။ ပုံမှန်အတိုင်း ဝတ်သွားပါ။ ဒီဇိုင်းဆန်းအဝတ်တွေကို အထူးတလည် ဝတ်မသွားပါနဲ့။ သူတို့က ဂျင်းဘောင်းဘီနဲ့ အင်တာဗျူးလာဖြေရင်တောင် အဝတ်အစားထက် ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်းကိုပဲ ဆုံးဖြတ်ကြမှာ မို့လို့ပါပဲ။

၅။ Marketing အင်တာဗျူး

139.jpg 

Marketing ပိုင်းနဲ့ sale ပိုင်းမှာ အလုပ်ရဖို့အတွက် လျှောက်ထားရင်တော့ အင်တာဗျူးမှာ ပုံမှန်အဝတ်အစားထက် နည်းနည်းလေးပဲ ပိုဂရုစိုက်ပေးရင် ရပါပြီ။ ရုံးတက်ဝတ်စုံကိုပဲ ဒေါက်မြင့်ဖိနပ်လေးနဲ့ တွဲဝတ်လိုက်တာ ကောင်းပါတယ်။

Source : WWW

Share

Loading Next Article...
က္က