တသတ်မှတ်တည်း လိမ်းရတာမျိုး မဟုတ်ဘူးနော်။

ပါးနီလိမ်းတာဟာ အခြေခံအားဖြင့်တော့ မျက်နှာကို ပိုမိုနုပျိုသွားစေပါတယ်။ သတိထားရမှာက ပါးနီအရောင်နဲ့ လိမ်းခြယ်ပုံတွေပါပဲ။ ကိုယ်နဲ့ မလိုက်တဲ့အရောင်၊ မှန်ကန်တဲ့လိမ်းခြယ်ပုံမျိုး မရှိဘူးဆိုရင်တော့ ရှိရင်းစွဲအလှလေးတောင် ပျက်သွားရော။ ပါးနီလိမ်းတဲ့အခါ မျက်နှာကျပုံစံပေါ် မူတည်ပြီးတော့ လိမ်းရအောင်ပါနော်။

 

ပထမဆုံးမှတ်ထားရမှာက အဓိကနေရာနှစ်ခုပါ။ ပါးနီလိမ်းရမယ့် နေရာက ပါးမို့မို့နဲ့ နားထင်နား နှစ်နေရာပါ။ ဒီနှစ်နေရာကိုလည်း တောက်လျှောက်မလိမ်းရပါဘူး။ မျက်နှာအမျိုးအစား ပုံသဏ္ဍန်အလိုက် လိမ်းရပါတယ်။

 

လပြည့်ညလို ဝိုင်းစက်တဲ့ မျက်နှာပိုင်ရှင်တွေက ပါးနီလိမ်းတဲ့အခါ ပါးမို့မို့လေးမှာပဲ လိမ်းရပါမယ်။ စက်ဝိုင်းလေးလို ဝိုင်းဝိုင်းလေးပေါ့။

 

အသည်းပုံမျက်နှာကျမျိုး ဆိုတာက နားထင်ကနေ မေးအစပ်ထိ ထောင့်ချိုးပုံစံရှိနေပြီး မေးရောက်မှ သွယ်ကျသွားတဲ့ မျက်နှာမျိုးပါ။ ဒီမျက်နှာပိုင်ရှင်လေးတွေက ပါးနီလိမ်းရင် ပါးကနေနားထင်နား ရောက်ခါနီးထိ ၄၅ ဒီဂရီ ဆွဲလိမ်းပေးရပါတယ်။ မျက်လုံးထောင့်နေရာလေးထိပဲ လိမ်းရမှာပါ။

 

လေးထာင့်စပ်စပ် မျက်နှာပိုင်ရှင်လေးတွေကတော့ ပါးနီကို ထောင့်မှန်စတုဂံပုံစံလေး ပါးနီကို လိမ်းပေးရတယ်။ နားထင်နားကို မလိမ်းရဘူး။

 

ဘဲဥပုံစံ မျက်နှာပိုင်ရှင်တွေက ပါးနီကို မေးရိုးကနေ နားထင်အောက်နားထိ တောက်လျှောက်ဆွဲပြီး လိမ်းရပါမယ်။ ပြီးရင် နားထင်နားလေးကို နည်းနည်းလောက်တို့ပြီး လိမ်းပေးရပါတယ်။

Source : GHK


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က