အသားဖြူခရင်မ်တွေကို ဝယ်မယ်ဆို ထောက်ခံချက် ပါ၊ မပါ အရင်ဆုံးစစ်ပါ။

မဒီတို့ နေ့တိုင်းနီးပါး လိမ်းနေကြတဲ့ မိတ်ကပ်တွေ၊ အလှကုန်ပစ္စည်းတွေမှာ chemical (ဓာတုပစ္စည်းတွေ) ၊ သတ္ထုတွေ (heavy metal) တွေ၊ ဘက်တီးရီးယားတွေနဲ့ တခြား ဘေးအန္တရာယ်ဖြစ်စေတဲ့အရာတွေ ပါဝင်နေနိုင်ပါတယ်။ မိတ်ကပ်မှာသာမက အရေပြားမှာလိမ်းတဲ့ခရင်မ်တွေ၊ ဆံပင်ပုံသွင်းပစ္စည်းတွေမှာလည်း ရှိနေပါတယ်။ ဘယ်လို အလှကုန်ပစ္စည်းတွေမှာ ဘယ်လိုဘေးဥပါဒ်တွေဖြစ်နိုင်သလဲဆိုတာနဲ့ အန္တရာယ်အနည်းဆုံးဖြစ်အောင် လျှော့ချမလဲဆိုတာ သိထားဖို့ လိုမယ်နော်။

၁။ အရေပြားလိမ်းခရင်မ်တွေထဲက မာကျူရီ (Mercury)

Cosmetics-and-Parabens.png 

Mercury (ပြဒါး) ဟာ အသားအရေလှပအောင် လိမ်းရကြတဲ့ ခရင်မ်အချို့မှာ ပါနေတတ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း ပြဒါးပါတဲ့ ခရင်မ်တွေကို FDA က ထုတ်ပြန်ကြေညာခဲ့သေးတယ်။ ပြဒါးနဲ့ အခြား heavy metal တွေ ပါဝင်မှု မြင့်မားနေရင် လူကို အဆိပ်အတောက်ဖြစ်စေပါတယ်။ အသားဖြူစေတယ်၊ အရွယ်တင်နုပျိုစေတယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ ခရင်မ်တွေမှာ ပြဒါးတွေ ထည့်သွင်းဖော်စပ်ထားတာမျိုးဆို မသုံးသင့်ပါဘူး။ ဘူးမှာ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေထဲမှာ mercurous chloride ၊ calomel ၊ mercuric ၊ mercurio ပါနေရင် မသုံးသင့်ဘူး။ ပြဒါးဆိပ်သင့်ရင် အမြင်အာရုံနဲ့ အကြားအာရုံကို ထိခိုက်စေပါတယ်။

၂။ နှုတ်ခမ်းနီထဲက ခဲ (Lead)

50.jpg 

နှုတ်ခမ်းနီတွေထဲမှာ ပါဝင်တဲ့ ခဲ (Lead) ပမာဏက မများပါဘူး။ 3.06 ppm (parts per million) လောက်သာ ရှိနေတတ်တယ်။ နောက်ပိုင်းမှာတော့ 7.19 ppm အထိ ထည့်လာတာတွေလည်း တွေ့ရပါတယ်။ ဘယ်လောက်ပမာဏဖြစ်ဖြစ် ခဲဟာ နှုတ်ခမ်းနီမှာ မပါဝင်သင့်တဲ့အရာပါ။ ဒါပေမဲ့ ဘယ်နှုတ်ခမ်းနီပဲဖြစ်ဖြစ် ဆိုးထားရင် နှုတ်ခမ်းကို လျှာနဲ့မသပ်မိဖို့တော့ သတိထားသင့်တယ်။

၃။ မျက်တောင်ကော့ဆေးထဲက ဘက်တီးရီးယား

Benefit-Theyre-Real-Mascara-Brush.jpg 

မျက်တောင်ကော့ဆေးတစ်ဘူးကို အချိန်ကြာကြာ သုံးရင် ဘက်တီးရီးယားတွေ ကပ်ငြိလာမှာ အသေအချာပါပဲ။ သေးငယ်တဲ့ ဘက်တီးရီးယားလေးတွေဟာ မျက်တောင်ကော့ဆေးဘူးကို အလိုလိုရောက်လာတာတော့မဟုတ်ဘူး။ မျက်လုံးမှာရှိနေတဲ့ ဘက်တီးရီးယားတွေ မျက်တောင်ကော့တံကို ရောက်သွားတာပါ။ မျက်တောင်ကော့ဆေးတစ်ဘူးကို ၆ လထက် ပိုပြီး မသုံးသင့်ပါဘူး။

Source : Forbes

Share

Loading Next Article...
က္က