လေတိုက်လိုက်တာနဲ့ ပုံပျက်သွားတဲ့ ဆံပင်ကြီးကို မုန်းတယ်ဟုတ်... ?

ဒီနေ့တော့ ဆံပင်ကို ဘယ်လိုပုံသွင်းရမယ်၊ ဘယ်လိုတွေပေါင်းတင်ရမယ် ဆိုတာတွေထက် ပိုပြီးအရေးကြီးအရာတစ်ခုကို ပြောပါဦးမယ်နော်။ မဒီလေးတို့ရဲ့ ဆံပင်လေးတွေက ဘယ်လိုပုံစံ၊ ဘယ်လိုအတိုအရှည်မျိုးပဲ ဖြစ်ပါစေဦးတော့ အမြဲတမ်း ပုံကျစတိုင်လ်မိနေမှာကိုတော့ လိုချင်တယ်မဟုတ်လား။ ဒါဆိုရင် ကိုယ်က ကိုယ့်ဆံပင်လေးတွေကို ထိန်းသိမ်းပေးဖို့ လိုပါတယ်။

၁။ Conditioner

131.jpg 

ခေါင်းလျှော်တိုင်း conditioner အသုံးပြုပေးခြင်းဟာ ဆံသားအပေါ်ယံလွှာလေးတွေကို ကောင်းမွန်နေစေပါတယ်။ ဆံပင်တွေကို အားဖြည့်ပေးနေဖို့ လိုပါတယ်။ နေပူဒဏ်ကြောင့် ဆံပင်အပေါ်ယံလွှာတွေ ပျက်စီးရသလို dryer နဲ့ ဖြောင့်စက်တွေ၊ ကောက်တံတွေရဲ့ အပူကြောင့်လည်း ပျက်စီးရတာဆိုတော့ conditioner ကို အမြဲတမ်းသုံးပေးမှ ဆံပင်လေးလှနေမှာ။

၂။ ဆံသားအလိုက် လိုအပ်တဲ့ပစ္စည်း

243-easy-DIY-hair-conditioner-for-natural-hair-8.jpg 

အဓိကသော့ချက်ကတော့ ကိုယ့်ဆံပင်သားက ဘယ်လိုမျိုးလဲဆိုတာ သိနေဖို့ပါပဲ။ ဆံပင်ပါးလား၊ ထူလား၊ လှိုင်းတွေရှိလား၊ အဖြောင့်လားဆိုတာ ကိုယ်က သေသေချာချာ သိထားမှ အဲ့ဒီအတွက် သီးသန့်ထုတ်တဲ့ ကုန်ပစ္စည်းတွေကို ရွေးလို့ရမှာပါ။

၃။ တောက်ပြောင်ချောမွေ့အောင်ထားပါ

07-thick-The-Secrets-for-Air-Drying-Your-Hair-So-It-Still-Looks-Awesome-487241680_Jurgute.jpg 

ဆံပင်ကို ခြောက်သွေ့ရှုပ်ပွနေအောင် ဘယ်တော့မှ မထားပါနဲ့နော်။ အကောက်ပဲဖြစ်ဖြစ် အဖြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဆံပင်လေးကို ချောမွေ့တောက်ပြောင်နေအောင် သ နေရမှာ။ ခေါင်းလျှော်၊ ပုံသွင်းပြီးတာနဲ့ ဆံပင်သားအလိုက် ခရင်မ်၊ hair coat ၊ serum စတာတွေကို လိမ်းပေးထားရမယ်။ လေတိုက်တိုင်း ဝဲသွားမယ့် ဆံပင်လေးတွေက ဆွဲဆောင်မှုရှိသူ ဖြစ်လာစေပါလိမ့်မယ်နော်။

Share

Loading Next Article...
က္က