ပိုးကောင်တွေကို သတ်ပြီးသုံးတာမျိုးတော့ မလုပ်ပါဘူး။

အင်စတာဂရမ်ပေါ်မှာ မိတ်ကပ်လိမ်းခြယ်ပုံတွေကို တင်လေ့ရှိတဲ့ မိတ်ကပ်ပညာရှင် Jasmine Ahumada ဆိုတဲ့ အကောင့်ပိုင်ရှင်ကတော့ တခြားလူတွေထက်ထူးအောင် ပြင်လိုက်ပါတယ်။ အိုင်းရှဲဒိုးမှာ အင်းဆက်ပိုးကောင်တွေကို အသုံးပြုပြီး ပြင်ပြထားတာပါ။ အင်းဆက်တွေကလည်း တကယ့်အစစ်တွေ။

 

အသည်းတွေအူတွေထဲက ကလိကလိဖြစ်ပြီး အူယားလာစေမယ့် မိတ်ကပ်တွေကို သူ့ဘာသာ စိတ်ကူးရပြီး ထွင်ခဲ့တာလို့ သိရပါတယ်။ ကြောက်စရာတော့ ကောင်းပေမဲ့ လှလည်းလှပါတယ်။ ဓားခုတ်ကောင်၊ ပိုးတောင်မာ၊ ဖလံကောင်တို့လို အင်းဆက်သေကောင်တွေကို အသုံးပြုထားတာ တွေ့ရတယ်။

 

အဆိပ်ပြင်းတဲ့ တာရန်တူလာပင့်ကူကိုပါ သုံးပြီး လိမ်းခြယ်ပြင်ဆင်ထားသေးတယ်။ တကယ်ကို လက်လန်လောက်ပါပေတယ်။ သူ့လိုမျိုး လိုက်လုပ်ချင်ရင်တော့ သန့်သန့်ရှင်းရှင်းလုပ်ပါလို့ ဂျက်စမင်က တိုက်တွန်းထားတယ်။ ပိုးကောင်နဲ့ အရေပြားကြားမှာ တစ်ခုခုတော့ ခံထားဖို့ကိုလည်း သတိပေးတယ်။

 

ပိုးကောင်တွေကိုတော့ မျက်တောင်ကပ်တဲ့ကော်နဲ့ မျက်နှာပေါ်တင်ပြီး ကပ်ထားတာပါ။ အဲ့လိုကပ်လိုက်တော့ အရေပြားနဲ့ ပိုးကောင်ကြားမှာ အလွှာတစ်ခုခြားထားသလို ဖြစ်သွားတယ်။ ပိုးကောင်တွေနဲ့ မိတ်ကပ်ပြင်ပေမဲ့ ဘယ်တော့မှ ပိုးကောင်တွေကို မသတ်ပါဘူးတဲ့။ အသေကောင်တွေကိုပဲရှာပြီး အသုံးပြီးတယ်လို့ ဂျက်စမင်က ဆိုပါတယ်။

Source : Pop Sugar

Share

Loading Next Article...
က္က