Gal Gadot သုံးတဲ့နည်းလေးကိုတော့ တကယ်သဘောကျမိတယ်။

ကမ္ဘာကျော်ဆယ်လီတွေက ဈေးကြီးတဲ့ skincare တွေကိုပဲ သုံးနေတယ်လို့တော့ မထင်လိုက်ပါနဲ့နော်။ သဘာဝပစ္စည်းတွေကို သုံးပြီးတော့လည်း အသားအရေကို ထိန်းသိမ်းကြပါတယ်။ သဘာဝပစ္စည်းတွေက ဘေးထွက်ဆိုးကျိုးနည်းပြီး တကယ်လည်း အကျိုးသက်ရောက်မှုကောင်းတယ်လေ။

 

ဘောလိဝုဒ်မင်းသမီး ပရီယန်ကာ ချော်ပရာကတော့ နနွင်းမှုန့်၊ ဒိန်ချဉ်နဲ့ oatmeal တွေကို အသုံးပြုပြီး ပေါင်းတင်သတဲ့။ သူမရဲ့အသားအရည် မွဲခြောက်နေလို့ ဒီလိုပေါင်းတင်လိုက်တဲ့အခါ အသားအရေဝင်းလာတယ်လို့ ပြောပါတယ်။

 

မော်ဒယ် ကန်ဒဲလ်ဂျန်နာကတော့ ကြက်ဥအကာနဲ့ သံပရိုသီးကို အသုံးပြုပြီး ပေါင်းတင်တယ်လို့ ပြောဖူးတယ်။ သူမရဲ့ ဝက်ဘ်ဆိုက်မှာလည်း တင်ထားသေးတယ်။ ဝက်ခြံထွက်လာတဲ့အချိန်အသုံးပြုတယ်လို့ ဆိုတယ်။ ကြက်ဥအကာကို ခလောက်ပြီး သံပရိုသီးတစ်ခြမ်းကိုညှစ်ထည့်တယ်။ မျက်နှာပေါ်လိမ်းပြီး နာရီဝက်လောက်ကြာမှ ရေဆေးတယ်လို့ ပြောပါတယ်။

 

Wonder Woman မင်းသမီး ဂယ်လ် ဂါဒေါ့ကတော့ မိတ်ကပ်ဖျက်ရင်းနဲ့ မျက်နှာအသားအရေကို ထိန်းသိမ်းတာပါ။ မျက်နှာသုတ်ပုဝါအစိုလေးကို မိုက်ခရိုဝေ့ဗ်ထဲမှာ ၁ မိနစ်လောက် အပူပေးထားပြီးရင် တဘက်ပေါ်ကို essential oil လေး နည်းနည်းတင်ပြီး မိတ်ကပ်တွေဖျက်တယ်။ အသားအရေကို relax ဖြစ်စေပြီး ချွေးပေါက်တွေကို ပွင့်စေတယ်တဲ့။ Skin care ပစ္စည်းတွေသုံးတဲ့အခါ ပိုပြီးတော့ ထိရောက်လာတယ်လို့လည်း သူမက ပြောပါတယ်။

Share

Loading Next Article...
က္က