ဂျင်းဘောင်းဘီပြာနဲ့ အနီရောင်အကျႌနဲ့ဆို အရမ်းမိုက်တဲ့ စတိုင်ပဲနော်....

အရောင်တွေထဲမှာ အနီရောင်က အထင်ရှားဆုံး၊ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ ဆွဲဆောင်မှုအပြင်းဆုံး အရောင်တစ်ရောင် ဖြစ်ပါတယ်။ မိန်းကလေးတိုင်းမှာ အနီရောင်ဝတ်စုံတစ်ထည်တော့ ရှိကိုရှိသင့်ပါတယ်။ အနီရောင်က စိတ်ကိုလည်းတက်ကြွလာစေတယ်လေ။ အနီရောင်ကို ပိုပြီးလှသွားအောင် တခြားအရောင်တွေနဲ့ တွဲဖက်ဝတ်ဆင်လို့လည်း ရပါတယ်။

၁။ အဝါဖျော့

1.JPG 

ဒီအရောင်နှစ်ခု တွဲဖက်လိုက်တဲ့အခါ ဟန်ချက်ညီသွားတယ်။ ချစ်စရာကောင်းပြီး တည်ငြိမ်တဲ့ အဝါဖျော့ကို အနီနဲ့ တွဲလိုက်တာလည်း လိုက်ဖက်တဲ့ ပေါင်းစပ်မှုပါ။

၂။ ပန်းရောင်

2.jpg 

ဖက်ရှင်ကျကျဝတ်ဖို့အတွက်ဆို ပန်းရောင်ကိုရွေး။ အနီရောင်နဲ့ပန်းရောင်ဆိုတာ အရောင်အုပ်စု တစ်ခုတည်းပဲ။ ပန်းရောင် အနု၊ အရင့် ကြိုက်တာနဲ့တွဲဝတ်လို့ရတယ်။

၃။ ငွေရောင်

3.jpg 

ညနေခင်း ပွဲတက်ဝတ်စုံတွေမှာဆိုရင် အနီရောင်နဲ့ ငွေရောင်ကို တွဲဖက်လို့ရတယ်။ ထင်းခနဲပေါ်လွင်ဖို့နဲ့ လူတွေသတိထားမိလာစေချင်ရင် ဒီနှစ်ရောင်ကို တွဲကြည့်ပါ။ Acessories တွေ၊ ဖိနပ်၊ လက်ကိုင်အိတ် စတာတွေကို ငွေရောင်ပစ္စည်းတွေ ရွေးချယ်နိုင်ပါတယ်။

၄။ အပြာနုရောင်

hbs-oslo-fashion-week-street-style-day-2-8-1200x800.jpg 

ဆန့်ကျင်ဘက်တွေ ပေါင်းစပ်ခြင်းဟာ ထူးခြားတဲ့ ခံစားမှုကို ဖြစ်စေပါလိမ့်မယ်။ အေးချမ်းသိမ်မွေ့တဲ့ အပြာနုရောင်ကို တက်ကြွရဲရင့်တဲ့ အနီရောင်နဲ့ ပေါင်းစပ်ကြည့်စေချင်တယ်။

၅။ မီးခိုးရောင်

red-oversized-coat-grey-double-breasted-button-mini-skirt-tie-sleeve-white-shirt-layered-turtleneck-work-wear-memorandum-style-blog-nyc4-680x514%402x.jpg 

မီးခိုးရောင်ရဲ့ ဆွဲဆောင်အားက ငြိမ်တယ်။ အဲ့ဒီအတွက် အနီရောင်ကို ပိုတောက်ပ ပေါ်လွင်လာအောင် ပံ့ပိုးပေးလိုက်ရာ ရောက်သွားပါတယ်။ အဓိကအသုံးအဆောင်ကို အနီရောင်ရွေးပြီး တွဲဖက်မှုကိုတော့ မီးခိုးရောင် ရွေးဖို့ အကြံပေးလိုက်တယ်နော်။

Source : WWW

Share

Loading Next Article...
က္က