မိုးရေက ဆံပင်ကို ဘယ်လိုကောင်းကျိုးပေးလဲသိလား

မိန်းကလေးတစ်ယောက်ရဲ့ အလှတရားထဲမှာ ဆံပင်ကလည်း အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်တယ်လေ။ ဆံပင်လေးတွေ လှနေဖို့အတွက် ဂရုစိုက်ပေးကြတယ်မဟုတ်လား။ ဆံပင်သားဆိုင်ရာ ပညာရှင်တွေဆီက အကြံဉာဏ်နဲ့ လျှို့ဝှက်ချက်တွေက တကယ်အသုံးတည့်ပါတယ်။

 

ဆံပင်မြန်မြန်ပေါက်ချင်ရင်၊ ဆံပင်သန်ချင်ရင် ကြက်သွန်နီကို သုံးကြည့်ရအောင်။ ကြက်သွန်နီမှာ ဆာလ်ဖာဓာတ်တွေ မြင့်မားစွာ ပါဝင်တယ်။ ဆံပင်ပေါက်အား ပိုကောင်းစေပါတယ်။ တစ်ပတ်တစ်ကြိမ် ကြက်သွန်နီကို ကြိတ်ပြီး အရည်ကို ဦးရေပြားမှာလိမ်းပြီး နှိပ်နယ်ကြည့်ပါ။ ၁၀ မိနစ်နဲ့အထက် ထားပြီးမှ ခေါင်းလျှော်ရမှာဖြစ်ပါတယ်။

 

တောက်ပြောင်နေတဲ့ ဆံပင်လေးတွေကို ရဖို့အတွက်ဆိုရင်တော့ မိုးရေကို သုံးကြည့်ပါလားတဲ့။ ရေထဲကို apple cider vinegar လေး နည်းနည်းလောက် ထည့်ပြီး လျှော်ရင်လည်း ရလဒ်ကောင်းတွေ ရပါတယ်။ ပျားရည်နဲ့ သံလွင်ဆီကလည်း ဆံပင်တောက်ပြောင်ဖို့အတွက် အကောင်းဆုံးအရာတွေပါ။

 

အက်စပရင်ဆေးပြားတွေကတော့ ဗောက်ပျောက်ဖို့ အသုံးတည့်ပါတယ်။ ခေါင်းလျှော်ရည် လက်ဖက်စားဇွန်း ၂ ဇွန်းကို အက်စပရင်ဆေးပြား ၃ ပြားနှုန်းနဲ့ ရောပြီး ခေါင်းလျှော်ရင် ဦးရေပြားမှာ ကပ်နေတဲ့ ဗောက်ဖတ်တွေ ကွာသွားပါတယ်။

Source : Mail Online

Share

Loading Next Article...
က္က