အလင်းပြန်မတတ် ဝင်းပြီးတောက်နေတဲ့ မျက်နှာမျိုးလေး မလိုချင်ဘူးလား။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ လုပ်ကြည့်ဖို့ပဲလိုတာ။

ခုနောက်ပိုင်း ခေတ်စားပြီး လူကြိုက်များလာတဲ့ အသားအရေပုံစံတစ်မျိုးက အလင်းပြန်သလို ဝင်းလက်တောက်ပြောင်နေတဲ့ အသားအရေမျိုးပါ။ အသားဖြူမှရယ်မဟုတ်ဘူးနော်။ အသားညိုလည်း စိုဝင်းပြီး အလင်းပြန်သလို လက်နေတာ အရမ်းမိုက်တယ်။ အဲ့လိုမျက်နှာမျိုးလေး ဖြစ်ချင်လွန်းလို့ ဗီဒီယိုတွေလိုက်ကြည့်၊ စာတွေလိုက်ဖတ်ထားရတာ။ အဲ့တာလေးတွေကို ပြန်ပြောပြမယ်နော်။ အသားအရေလေးကောင်းနေရင် ဘာမှလိမ်းမထားတောင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လှနေတာ။

 

၁။ ပထမဆုံးအနေနဲ့ skin care တွေ သုံးပါ။ ကိုယ့်အသားအရေအမျိုးအစားကဘာလဲ။ အဆီပြန်၊ ပုံမှန်၊ ခြောက်သွေ့၊ ပေါင်းစပ် အသားအရေမျိုးထဲက  အသားအရေအလိုက် skin care ကို သုံးပေးဖို့ မနှမျောပါနဲ့၊ မပျင်းပါနဲ့။

၂။ တစ်နေ့နှစ်ကြိမ် အသားအရေထိမ်းသိမ်းဖို့ မပျင်းရဘူး။ မနက်တစ်ခါ၊ ညအိပ်ရာဝင်ခါနီးတစ်ခါ။

၃။ မျက်နှာသစ်ဆေးကိုသုံးပါ။ ကိုယ့်အသားအရေအတွက် အလိုက်ဖက်ဆုံးဖြစ်မယ့် မျက်နှာသစ်ဆေးကိုပဲ စွဲသုံးပါ။ မျက်နှာသစ်တိုင်း မျက်နှာကို လက်ချောင်းလေးတွေနဲ့နှိပ်ပေးရင် အဆီနဲ့ အညစ်အကြေးတွေ ပြောင်သွားရော။

 

၄။ Toner က အမြဲတမ်းသုံးဖို့တော့မလိုပါဘူး။ မျက်နှာတပြင်လုံးလည်း မသုံးရဘူး။ အဆီပြန်တဲ့နေရာကိုပဲ သုံးရမှာ။ ကြုံလို့ ပြောပြရရင် toner ကို တုန်နာလို့ အသံထွက်ပါတယ်နော်။ သူ့ရဲ့အဓိကဆောင်ရွက်မှုကတော့ ချွေးပေါက်ထဲက အညစ်အကြေးနဲ့အဆီတွေကို လုံးဝ ပြောင်သွားအောင် လုပ်ပေးတာပါ။ အသားအရေ ကြည်လင်ခြင်းရဲ့ အဓိကလျှို့ဝှက်ချက်ပါ။

၅။ Exfoliate ကို တစ်ပတ်တစ်ခါလုပ်ပေးပါ။ အသားအရေညစ်နွမ်းတာတွေ မဖြစ်တော့ဘဲ သိသိသာသာ ကြည်လင်လာမယ်။

 

၆။ နောက်ဆုံးတစ်ချက်ကတော့ အစားအသောက် အနေအထိုင်ပါ။ ရေကိုများများသောက်ရပါမယ်။ ရေများများသောက်ရင် အသားအရေစိုပြေတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကိုလည်း များများစားပေး၊ အိပ်ရေးဝဝအိပ်ပေးရင် အသားအရေက နုပျိုနေမှာပါနော်။

Share

Loading Next Article...
က္က