လူကို နုပျိုလန်းဆန်းစေမယ့် ခပ်လွင်လွင် ပန်းရောင်လေးတွေက တစ်ကျော့ပြန်ခေတ်စားလာတယ်။

၂၀၁၈ ခုနှစ် အစကနေ ယနေ့ချိန်ထိ ခေတ်စားလာသမျှ ဖက်ရှင်သစ်တွေကို မဒီနဲ့အတူတူ လေ့လာကြည့်ကြရအောင်။ ဖက်ရှင်ရှိုးပွဲတွေမှာ အတွေ့များတဲ့ အဝတ်အစားဒီဇိုင်းတွေကို ဖော်ပြလိုက်တယ်နော်။



ငွေရောင်/သတ္ထုရောင်

elle-nyfw-fw2018-trends-kira-kira-1518474155.jpg 

တလက်လက်တောက်ပတဲ့ ငွေရောင်၊ ခဲရောင်၊ သတ္တုရောင် အဝတ်အစားတွေက ဖင်ရှင်ရှိုးတွေမှာ နေရာယူဆဲပါ။ ညနေခင်းပွဲတက်ဝတ်စုံနဲ့ ပါတီတွေမှာ ဝတ်ဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။

ရောင်စုံ တိရစ္ဆာန်အကွက်ဒီဇိုင်း

elle-nyfw-fw2018-trends-animal-print-1518477268.jpg 

ကျားသစ်ကွက်ဒီဇိုင်းတွေကိုပဲ မြင်နေခဲ့ရာကနေ ခုတော့ အခြားတိရစ္ဆာန်တွေရဲ့ ဒီဇိုင်းတွေလည်း ထွင်လာကြပြီ။ မြင်းကျားလို အကျားတွေကို အရောင်တွေ shade တွေ ထည့်လာကြတယ်။

ပန်းရောင်တောက်တောက်

elle-nyfw-fw2018-trends-hot-pink-1518477307.jpg 

ပန်းရောင်တွေ အများကြီးရှိတယ်။ ပန်းနုရောင်၊ ပန်းရောင်မှိုင်းမှိုင်း အမျိုးမျိုးပဲ။ ခုတော့ လူကို နုပျိုလန်းဆန်းစေမယ့် ခပ်လွင်လွင် ပန်းရောင်လေးတွေက တစ်ကျော့ပြန်ခေတ်စားလာတယ်။

ဆက်စီကျတဲ့ Suit

elle-nyfw-fw2018-trends-sexy-suiting-1518474154.jpg 

အလုပ်ကိစ္စနဲ့တွေ့ဆုံဖို့တွေရှိတဲ့အခါ စမတ်ကျကျ suit ကို ဝတ်ရတယ်။ Suit တွေကို ဆက်စီကျအောင် ထွင်လာကြတဲ့အခါ ဝတ်ချင်ကြမှာပဲ။ အလုပ်ကိစ္စမဟုတ်ဘဲ ပွဲလမ်းတွေမှာလည်း ဝတ်ရင် ပေါ်လွင်နေမှာ။

Source : Elle


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က