အုန်းဆီဟာ အသားပပ်တာကိုလည်း ကောင်းကောင်းကြီး သက်သာစေတယ်။

အုန်းဆီအနှစ်နဲ့ အုတ်ဂျုံ ထမင်းစားဇွန်း ၂ ဇွန်းကို ရောပါ။ ပိတ်ပါးအိတ်လေးထဲထည့်ပြီး မိုက်ခရိုဝေ့ဗ်ထဲမှာ စက္ကန့် ၃၀ လောက် အပူပေးလိုက်ရင် အနှစ်လို ပျစ်သွားပါလိမ့်မယ်။ ရေချိုးတဲ့အခါ body scrub အနေနဲ့ သုံးနိုင်ပါတယ်။

 

အိပ်နေရင်းနဲ့ ဆံပင်ပေါင်းလို့လည်း ရသေးတယ်။ ဆံပင်ပျက်စီးနေတဲ့လူတွေအတွက် လျှို့ဝှက်ချက်လေးနော်။ အုန်းဆီစစ်စစ်ကို လက်ခုပ်ထဲအပြည့်ထည့်ပြီး ဆံပင်အရင်းကနေ အဖျားထိအောင် လိမ်းပေး၊ ဘီးကျဲနဲ့ အုန်းဆီတွေစိမ့်ဝင်သွားအောင် ဖြီးပေးရမယ်။ ဆံထုံးဖွဖွထုံးပြီး shower cap လေးနဲ့အုပ်ထားလိုက်ရုံပဲ။ မနက်ကျမှ ခေါင်းလျှော်ပြီး ပျော့ဆေး/ပေါင်းဆေးလေးသုံးပေးပေါ့။ ဆံပင်ပျက်စီးတာ သက်သာတယ်။ ဆံပင်တွေသန်တယ်။

 

ဆံသားမကောင်းတာ ကျိုးကြေတာ ရှိရင်လည်း အုန်းဆီကိုပဲ သုံးကြည့်ပါ။ နည်းနည်းလေးသုံးရုံနဲ့တင် သိသာတယ်။ ရာသီဥတုကြောင့် ဆံပင်ပျက်စီးတာကို သက်သာစေတယ်။ ဒီအတိုင်းလိမ်းရုံပဲ။

 

နောက်တစ်ခုက အုန်းဆီဟာ အသားပပ်တာကိုလည်း ကောင်းကောင်းကြီး သက်သာစေတယ်။ အုန်းဆီကိုနွေးအောင်အပူပေးပြီး အသားထဲစိမ့်ဝင်အောင် လူးပေးရင် အသားပပ်တာပျောက်သလို အသားအရေလည်း စိုပြေတင်းရင်းစေပါတယ်။

Share

Loading Next Article...
က္က