ဒါတွေက ဘယ်သူဝတ်ဝတ်လိုက်တယ်။

မိန်းကလေးတိုင်းက ကိုယ်ပိုင်အလှနဲ့ လှနေကြပြီးသားပါ။ မလှတဲ့လူဆိုတာ မရှိပါဘူးနော်။ ကိုယ့်ရဲ့အလှကို ပုံစံအမျိုးမျိုး ပြောင်းလဲကြည့်တာ ဖက်ရှင်လို့ခေါ်မလား။ ဆွဲဆောင်မှုရှိတဲ့ ၊ ဆက်စီကျတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာဖို့ဆိုရင် ဖက်ရှင်အသုံးအဆောင်တွေ ဝယ်ယူဖို့လိုမယ်နော်။ ဖက်ရှင်မှာ ရင်းနှီးမြှုပ်နှံကြတာပေါ့။



 

၁။ ခုံထူထူ အမြင့်တွေစီးတာကို စွန့်လွှတ်လိုက်ပါ။ ဒေါက်မြင့်ဖိနပ်ဝယ်ဖို့ မနှမျောပါနဲ့။ ဒေါက်မြင့်ဖိနပ်ကြောင့် ခန္ဓာကိုယ်အလှ ပိုပေါ်သွားမှာ။

၂။ အနက်ရောင်ကတော့ အရောင်တွေထဲမှာ ပါဝါအကြီးဆုံးပဲ။ ခပ်မိုက်မိုက်စတိုင် လိုချင်ရင် အနက်ရောင်ဖက်ရှင်ကိုရွေးပါ။

 

၃။ Shoulder off တွေ အရမ်းခေတ်စားနေချိန်မှာ ကိုယ်က တစ်ထည်မှ မရှိဘူးဆိုရင် အောက်တာပေါ့။ ပုခုံးလေးတွေပေါ်နေရင် မိန်းကလေးတစ်ယောက်က အလိုလိုဆွဲဆောင်မှုရှိလာတာ။ သူများတွေလည်း ဝတ်နေကြတာပဲ။

၄။ ဆွဲဆောင်အား ပြင်းလွန်းလို့ ချစ်စိတ်တွေ လျှံထွက်လာအောင် ညှို့ယူပေးနိုင်တာက အနီရောင်လေ။ ကိုယ့်ကို သတိထားမိလာစေချင်ရင် အနီရောင်ကို ရွေးရမယ်။

 

၅။ နှုတ်ခမ်းနီဆိုးပါ။ မိတ်ကပ်တွေ ဘယ်လောက်လိမ်းလိမ်း နှုတ်ခမ်းက အရောင်မရှိဘူးဆိုရင်၊ နှုတ်ခမ်းသားအတိုင်းပဲဆိုရင် နေမကောင်းတဲ့ လူမမာရုပ် ပေါက်သွားတယ်။ နှုတ်ခမ်းနီက မိတ်ကပ်မလိမ်းထားချိန်မှာတောင် ဆွဲဆောင်မှုရှိစေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က