မျက်နှာသစ်တဲ့ပုံစံ အလေ့အကျင့်က ဝက်ခြံထွက်ရတဲ့ အဓိကအကြောင်းရင်းနဲ့ ဆက်စပ်နေတယ်။

ဝက်ခြံတွေကြောင့် စိတ်ဆင်းရဲနေရတဲ့ ညီမလေးတွေ၊ အစ်မတွေ ရှိလားဟင်။ မဒီကိုယ်တွေ့ ဖြစ်ခဲ့တာလေးနဲ့ ဝက်ခြံသက်သာမယ့်နည်းကို ပြောပြချင်လို့ပါ။ ကိုယ်တိုင်ကြုံခဲ့ရတာဆိုတော့ ဝက်ခြံကြောင့် ဘယ်လောက်စိတ်ဆင်းရဲရတယ်ဆိုတာ အသိဆုံးပဲ။ ဝက်ခြံထွက်ရတဲ့အကြောင်းကို သိရင် ဝက်ခြံတွေကို ထိန်းလို့ရပါတယ်နော်။

 

ဝက်ခြံထွက်ရတဲ့ အကြောင်းရင်းမှာဆိုရင် မျက်နှာအဆီပြန်လို့ ဖုန်တွေကပ်တာရယ်၊ အလှကုန်ပစ္စည်းသုံးစွဲမှု မှားယွင်းတာရယ်နဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်ရယ် ဆိုပြီးတော့ အခြေခံအားဖြင့် ဝက်ခြံထွက်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ပင်ကိုယ်အသားအရေကိုကလည်း ဝက်ခြံထွက်လေ့ရှိသူဆိုရင် ထွက်ပါတယ်။ တစ်ခါတည်းနဲ့ အများကြီးပြုံထွက်လာတာမျိုးကိုတော့ ဒီလိုလေးတွေနဲ့ ပျောက်အောင်လုပ်ကြတာပေါ့။

 

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ ဝက်ခြံထွက်လွယ်ကြပါတယ်။ အကြောင်းကတော့ အဆီတွေဟာ ပြင်က ဖုန်တွေနဲ့ ထိတွေ့တာရယ်၊ မိတ်ကပ်တွေကို ပြောင်စင်အောင် မသန့်စင်တာကြောင့် ဝက်ခြံနဲ့ ဆားဝက်ခြံတွေ ထွက်လေ့ရှိတာပါ။ အဲ့ဒီအတွက် မျက်နှာကို သေသေချာချာ သန့်စင်ပေးဖို့လိုပါတယ်။

 

ဘယ်လိုသန့်စင်ကြမလဲ??? ပထမဆုံးအနေနဲ့ လိမ်းထားတာတွေကို ဖျက်ရမယ်။ မိတ်ကပ်ဖျက်ဆေးနဲ့ မိတ်ကပ်တွေကိုဖျက်ပါ။ ပြီးရင် မျက်နှာသစ်ဆေးကို လက်ထဲမှာ အမြှုပ်ထလာအောင်လုပ်ပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံနှိပ်နယ်ပေးရမယ်။ ရေကို ကြက်သီးနွေးလေးသုံးတာက အဆီတွေကိုပိုပြောင်စေပါတယ်။ ပြီးတော့မှ တုန်နာ (toner) ကို ဂွမ်းဖတ်လေးပေါ်ကိုတင်ပြီး မျက်နှာကို ပွတ်ဆွဲပေးရပါတယ်။ မျက်နှာတာတောင် ကျန်နေသေးတဲ့ ချွေးပေါက်ထဲက အညစ်အကြေးတွေကို တုန်နာက ဖယ်ရှားပေးတာပါ။ ပြီးတော့မှ ကိုယ်လိမ်းချင်တဲ့ skincare တွေကို အဆင့်လိုက် လိမ်းသွားရုံပါပဲ။ ဒီအခြေခံအဆင့်ကို ညတိုင်းလုပ်မယ်ဆို ဝက်ခြံတွေကို ထိန်းထားနိုင်မှာပါနော်။

Share

Loading Next Article...
က္က