အရမ်းသိသာတယ်.... ဘာမှလည်းမခက်ဘူး

မျက်တောင်ကော့ဆေးသုံးတိုင်း မျက်တောင်လေးတွေက ထင်သလောက် ကော့မနေတာလည်း တစ်မျိုးစိတ်ညစ်ရတယ်။ ကော့ဆေးကို တစ်ထပ်ပြီးတစ်ထပ် ဆိုးရင်းဆိုးရင်းနဲ့ ထူပိတ်လာရော။ မျက်တောင်တွေက ထင်သလောက်မကော့ဘူး။ အဲ့ဒီအတွက် လျှို့ဝှက်ချက်လေးတစ်ခုကို မဒီက ပြောပြမလို့နော်။ မျက်တောင်တိုတဲ့ ညီမလေးတွေရော ၊ မျက်တောင်စင်းတဲ့ ညီမလေးတွေရော တကယ်အသုံးတည့်မှာပါ။

မဒီတို့ မျက်တောင်ကော့မယ်ဆို ကော့ဆေးမသုံးမီ ကော့တဲ့စက် (curler) လေးနဲ့ မျက်တောင်ကို အရင်ကော့ကြတယ်ဟုတ်? အဲ့တာလေးကလည်း မရှိမဖြစ်ပဲလေ။ ၄/၅ ခေါက်လောက် ဖိညှပ်ပေးပြီး မျက်တောင်လေး ကော့လာတော့မှ အပေါ်ကနေ မျက်တောင်ကော့ဆေးကို သုံးမှ တစ်နေကုန်လှနေမှာပါ။

 

အခု ပြောမယ့် လျှို့ဝှက်ချက်ကတော့ dryer (ဆံပင်လေမှုတ်စက်) တော့ လိုပါတယ်။ မျက်တောင်မကော့မီ curler လေးကို dryer လေးနဲ့ ၁ မိနစ်လောက် အပူပေးလိုက်တဲ့နည်းပါ။ ဆံပင်ကို အပူချောင်းနဲ့ ကောက်သလိုပေါ့။ မျက်တောင်လေးတွေက ပိုပြီးကော့သွားတော့မှာပါနော်။

 

Share

Loading Next Article...
က္က