မဒီတို့ ခေါင်းဖြီးရင် ဆံပင်အရင်းကနေ အဖျားထိ ဖြီးချလိုက်ကြတယ်မဟုတ်လား။ အဲ့တာက ပြင်ရမယ့်အကျင့်ပါနော်။

ဆံပင်မကောင်းလို့... အဖျားတွေဖွာလန်နေလို့ ဆိုပြီး စိတ်ညစ်နေရတဲ့ အဓိကအကြောင်းရင်းက ကိုယ့်ကြောင့်ပါပဲ။ ဆံပင်ကို ဆေးဆိုးလိုက်၊ ကောက်လိုက် ၊ ဖြောင့်လိုက်နဲ့ဆိုတော့ ဆံပင်တွေ ပျက်စီးရပြီလေ။ ဒါတောင် treatment မှန်မှန်မလုပ်ပေးတော့ ပိုပိုဆိုးလာဦးမှာ။ ဆံပင်တွေကောင်းချင်ရင် ဒါတွေကို အခုပဲ ရပ်လိုက်ပါ။

၁။ ခဏခဏခေါင်းလျှော်ခြင်း

496C4D3C00000578-5415609-image-m-58_1519185021493.jpg 

တစ်ပတ်ကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ခေါင်းလျှော်ရင် လုံလောက်ပါပြီ။ အဲ့ဒီထက်ပိုပြီး လျှော်နေရင်တော့ အလွန်အကျွံဖြစ်သွားပြီ။ ခေါင်းခဏခဏလျှော်တဲ့အခါ ဆံပင်အရောင်ကိုလျော့ကျစေတယ်။ အနက်ရောင်တင်မဟုတ်ဘဲ အရောင်ဆိုးထားရင်လည်း အရောင်ကျမြန်တယ်။

၂။ ခြောက်အောင်တဘက်နဲ့ပွတ်ခြင်း

ခေါင်းလျှော်ပြီးရင် ဆံပင်ခြောက်အောင် တဘက်နဲ့ ပွတ်ပြီးသုတ်ကြတယ်။ ဆံပင်တွေ စိုနေတုန်း တဘက်နဲ့ ပွတ်တိုက်တဲ့အခါ ဆံပင်တွေပျက်စီးရပါတယ်။ ဆံသားတွေ ကျိုးကြေကုန်တယ်။

၃။ အပူအလွန်အကျွံသုံးခြင်း

496C4D4500000578-5415609-image-m-65_1519185126162.jpg 

လေမှုတ်စက်နဲ့ အပူပေးပြီး ခြောက်အောင်လုပ်တာ၊ စက်ဆွဲတာ၊ အပူချောင်းနဲ့လိပ်တာတွေ အပါအဝင် ဆံပင်ကို အပူပေးခြင်းတွေကလည်း ဆံပင်ကို အဓိက ပျက်စီးစေတဲ့ အကြောင်းရင်းတစ်ခုပါနော်။

၄။ တင်းကျပ်အောင်စည်းခြင်း

ဆံထုံးထုံးတာဖြစ်ဖြစ်၊ စည်းထားတာဖြစ်ဖြစ် ဆံပင်ကို ဘယ်လိုလုပ်လုပ် အရမ်းကြီးတင်းကျပ်အောင် မလုပ်ရဘူး။ တချို့က ပိုနီတေးလ်အမြင့် စည်းကြတယ်။ အဲ့လိုစည်းတဲ့အခါ ဆံပင်အမြစ်တွေကို ဆွဲထားသလိုဖြစ်ပြီး ဆံပင်တွေကျွတ်ရပါတယ်။ အသက်ကြီးလာရင် ပိုဆိုးကုန်တယ်။

၅။ ထိပ်ဖျားကနေ ခေါင်းဖြီးခြင်း

496C4D3800000578-5415609-image-m-57_1519185002695.jpg 

မဒီတို့ ခေါင်းဖြီးရင် ဆံပင်အရင်းကနေ အဖျားထိ ဖြီးချလိုက်ကြတယ်မဟုတ်လား။ အဲ့တာက ပြင်ရမယ့်အကျင့်ပါနော်။ ဆံပင်တွေငြိနေတာကို အတင်းဆွဲချလိုက်သလိုဖြစ်ပြီး ဆံပင်တွေပြတ်ထွက်ကုန်တယ်လေ။ ဆံပင်အဖျားတွေကို အရင်ဖြီး... ပြီးတော့မှ အရင်းတွေကိုဖြီးရမှာပါ။

Source : Daily Mail

Share

Loading Next Article...
က္က