သဘာဝအတိုင်းဆိုတာ ရှာမှရှားပဲ.... အကုန်လုံးက ခွဲစိတ်ထားတာတွေချည်း

အဆိုတော်တွေ၊ သရုပ်ဆောင်တွေကို ကြည့်လိုက်ရင် မျက်လုံးဝိုင်းဝိုင်း၊ နှာတံချွန်ချွန်နဲ့ ပိန်ပိန်သွယ်သွယ် ပုံစံမျိုးဟာ ကိုရီးယားက အနုပညာအသိုင်းထဲမှာပဲ မြင်ရလေ့ရှိတယ်။ အကုန်လုံးက ခပ်ဆင်ဆင်လေးတွေဖြစ်နေတော့လည်း တစ်ခါတစ်လေဆို ခွဲရတောင်ခက်ပါတယ်။ အဲ့ဒီလိုမျိုး တူနေတာကလည်း သူတို့က ခွဲစိတ်ပြုပြင်ထားကြလို့ပါ။ အနုပညာရှင်တွေသာမက သာမာန်လူတွေပါ ခွဲစိတ်ပြုပြင်ကြတယ်တဲ့။

 

၁။ ကိုရီးယားတွေဟာ မျက်ရစ်မပါတဲ့ လူမျိုးတွေပါ။ ပါတာလည်း အရမ်းရှားတယ်။ မျက်ရစ်ဖော်အောင် ခွဲစိတ်ပြုပြင်တာက ရေပန်းအစားဆုံးပဲ။

၂။ V-Shape လို့ ခေါ်တဲ့ မေးရိုးလေး ချွန်သွားအောင် မေးစေ့လေးပေါ်လာအောင် ခွဲစိတ်ပြုပြင်တာကတော့ ဒုတိယမြောက် ပေါ်ပြူလာအဖြစ်ဆုံး ခွဲစိတ်ပြုပြင်မှုပါ။

 

၃။ မျက်လုံးလေး ပြူးကျယ်လာအောင်လည်း ပြုပြင်ကြသတဲ့။ မျက်လုံးထောင့်လေးတွေကို ဖြတ်ထုတ်လိုက်တဲ့အခါ မျက်လုံးက ရေပြင်ညီပိုင်းမှာ ပိုကျယ်သွားတော့ မျက်လုံးပိုပြူးလာတယ်။ မိဘတွေက ကလေးတွေငယ်စဉ်မှာ မျက်ရစ်ဖော်တာနဲ့မျက်လုံးကြီးအောင် တစ်ခါတည်းခွဲစိတ်ပေးကြပါတယ်။

 

၄။ နှာပြားပြားနဲ့ မွေးလာရတဲ့ ကိုရီးယားတွေဟာ နှာတံချွန်ချွန်လေးကိုလည်း ပြုလုပ်ဖန်တီးကြပါတယ်။ နှာတံပေါ်ပေါ်လေးနဲ့ ချွန်နေတာကိုမှ ဆွဲဆောင်မှုရှိတယ်လို့ပဲ ထင်ကြတယ်။

 

၅။ ကိုယ်တွေသာ နဖူးမောက်လို့ စိတ်ဆင်းရဲနေတာ။ ကိုရီးယားတွေကတော့ နဖူးကို မောက်လာအောင်၊ အသားပြည့်လာအောင် ဆေးထိုးကြတယ်တဲ့။ နဖူးလုံးလုံးလေး ဖြစ်နေရင် ပိုပြီးနုတယ်လို့ ထင်ရတယ်လေ။

 

၆။ နောက်တစ်ခုကတော့ မိန်းကလေးတွေ အရမ်းကို လုပ်လာကြတဲ့အရာပါ။ ရင်သားကြီးလာအောင် ပြုလုပ်တာဖြစ်ပါတယ်။ ရင်သားအပြင် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို ကြီးပြီး ပြည့်လာအောင် filler တွေ ထိုးသွင်းကြတာ ဖြစ်ပါတယ်။ ရင်သားကိုတော့ အဆီတွေ ထိုးသွင်းခြင်း သို့မဟုတ် implant လုပ်ခြင်းတို့ ပြုလုပ်ကြတယ်။ အကိတ်ခေတ်ဆိုတော့လည်း....

Source : Koreaboo


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က