အဲ့တာကြောင့်မို့လို့ အသားအရေလေးကို ကောင်းနေအောင် ဂရုစိုက်ကြရတာပေါ့။

ရုရှားက မိတ်ကပ်ပညာရှင်တစ်ယောက်ရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုကိုကြည့်လိုက်တာ အတော်သဘောကျသွားတယ်။ သူက နှုတ်ခမ်းနီတစ်မျိုးတည်းကိုသုံးပြီးတော့ မျက်နှာလေး နုသွားအောင် လိမ်းပြသွားတဲ့ ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ခဲ့တယ်။ တခြားဘာမှ မပါဘဲ နှုတ်ခမ်းနီတစ်မျိုးတည်းသုံးထားတဲ့ အဲ့ဒီဗီဒီယိုကို Like တဲ့လူလည်း အတော်များခဲ့ပါတယ်။



 

Darya Kholodnykh ဆိုတဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားတာပါ။ မော်ဒယ်က မျက်နှာအသားအရေတော့ကောင်းတယ်။ ကြည်ပြီး ညက်နေတာ။

 

ပန်းရောင်နှုတ်ခမ်းနီကို ပါးမို့နှစ်ဘက်၊ မေးဖျား၊ မျက်ခွံ၊ နှာသီးထိပ်နဲ့ နားထင်နားတစ်ဝိုက်တို့မှာ တို့လိုက်ပါတယ်။ ပြီးရင်တော့ brush ကို အသုံးပြုပြီး blending လုပ်လိုက်တယ်။ နှုတ်ခမ်းမှာလည်း ဆိုးလိုက်တယ်။

 

မော်ဒယ်ရဲ့မျက်နှာက ကျန်းမာရေးကောင်းလို့ ပန်းရောင်သမ်းနေတဲ့ပုံစံ ဖြစ်သွားပါတယ်။ အသားအရေသာ ကောင်းမယ်ဆိုရင်တော့ ထွေထူးပြင်ဆင်စရာမလိုဘူးပေါ့လေ။ မဒီလေးတို့လည်း အသားအရေကို ဂရုစိုက်နော်။

Source : Darya Kholodnykh Instagram


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က