မျက်တောင်အမျိုးအစားချင်းအလိုက်၊ ကိုယ်လိုချင်တဲ့ပုံစံအလိုက် ခွဲပြီးထုတ်ထားတာပါနော်။

မျက်တောင်ကော့ဆေး (mascara) ဘူးထဲက မျက်တောင်ကော့တံတွေဟာ တစ်မျိုးနဲ့တစ်မျိုး တူလေ့မရှိတာကို သတိထားမှာပါနော်။ ဘာကြောင့် မတူကြတာလဲလို့ရော တွေးမိဖူးလား။ မျက်တောင်ကော့တံတွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပုံစံကွဲအောင် ထုတ်လုပ်ထားတာမို့လို့ မတူရတာပါနော်။

၁။ Classic

 

အရှင်းဆုံးပုံစံလေးပါပဲ။ မကြာခဏလည်း မြင်ရလေ့ရှိတဲ့ ပုံစံမျိုးပါ။ ထူထူလေးနဲ့ ဒီဇိုင်းရှင်းတဲ့ ဒီမျက်တောင်ကော့တံလေးက မျက်တောင်ကို ထူထဲလာအောင် လုပ်ပေးနိုင်ပါတယ်။

၂။ Curved Comb

 

ဘီးလေးလိုပဲ။ ဒါပေမဲ့ အလယ်မှာ ကွေးသွားတဲ့ပုံစံမျိုး။ သူကတော့ မျက်တောင်လေးကို ပိုကော့သွားအောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ မျက်တောင်ကော့စက် (curler) သုံးသလိုမျိုး effect ရစေပါတယ်။

၃။ Tapered Comb

ထိပ်ရှုးသွားတဲ့ မျက်တောင်ကော့တံ ဒီဇိုင်းမျိုးဟာ ပိုပြီးအနုစိတ်ဆန်ပါတယ်။ မျက်လုံးထောင့်စွန်းက မျက်တောင်လေးတွေကိုပါ ကော့နိုင်အောင် ရည်ရွယ်တယ်။ မျက်လုံးဝိုင်းဝိုင်းပြူးပြူးလေး လိုချင်ရင်တော့ ဒီလိုမျိုးကို ရွေးပါနော်။

၄။ Micro

 

အရမ်းကိုသေးတဲ့ အမျှင်လေးတွေနဲ့မို့လို့ မိုက်ခရိုကော့တံလို့ ခေါ်တာပါ။ သဘာဝကျကျနဲ့ မျက်တောင်ကော့ဆေး သုံးထားမှန်း မသိလောက်အောင် ပါးပါးလေးဆိုးချင်သူတွေအတွက် ဒါလေးက အဆင်ပြေပါလိမ့်မယ်။

၅။ Jumbo/Fat

အလုံးထူထူကြီးနဲ့ မျက်တောင်ကော့တံ ဒီဇိုင်းမျိုးဟာ မျက်တောင်တွေကို ပိုပြီး ထူထဲကော့ညွှတ်သွားအောင် လုပ်ပေးနိုင်ပါတယ်။ မဒီ့အနေနဲ့ အကြံပေးရရင်တော့ ဒီမျက်တောင်ကော့တံမျိုးဟာ ညဘက်ပွဲတက်ဖို့ မိတ်ကပ်လိမ်းတဲ့အခါမှာသာ သုံးသင့်ပါတယ်။

၆။ Skinny

 

နာမည်နဲ့လိုက်အောင် ပိန်ပိန်ပါးပါးလေးပဲ။ သူက တစ်ခြမ်းပဲပါတယ်။ ဘီးနဲ့ပိုတူတဲ့ ဒီမျက်တောင်ကော့တံလေးက မျက်တောင်ကို သဘာဝကျကျနဲ့ တစ်ချောင်းချင်းစီ ရှည်လာအောင် လုပ်ပေးပါတယ်။ မျက်တောင်ကော့ဆေးသုံးပြီး မျက်တောင်တွေပူးကပ်နေတာမျိုး မဖြစ်တော့ဘူး။

၇။ Corkscrew

 

Full coverage ရဖို့အတွက် ဒီလိုမျိုး မျက်တောင်ကော့တံကို သုံးပါတယ်။ မျက်တောင်တွေ ထူပြီးသိပ်လာအောင် ရည်ရွယ်ထားပါတယ်။

Source : She Find

Share

Loading Next Article...
က္က