မျက်တောင်ကော့တဲ့အခါ ဇွန်းကိုသုံးသတဲ့။

ပါးချိုင့်လေးခွက်သွားအောင် အပြုံးလှလှလေးတွေနဲ့ ဆွဲဆောင်မှုကောင်းတဲ့ မီရန်ဒါကားရ်ရဲ့ အလှမျိုးကို ဘယ်သူကများ ငြင်းပယ်နိုင်မလဲ။ Victoria's Secret မော်ဒယ်ပီပီ အသားအရေ၊ ကိုယ်လုံးကိုယ်ထည်ကလည်း ပြီးပြည့်စုံသူပါ။ မီရန်ဒါကားရ်ဟာ သူမရဲ့ အလှအပရေးရာ လျှို့ဝှက်ချက်တွေကို ခုလိုပဲ ပြောပြပါတယ်။

 

မီရန်ဒါက မိတ်ကပ်ကိုလည်း ထူထူထဲထဲလိမ်းလေ့ရှိသူမဟုတ်ဘူး။ အောက်ခံမိတ်ကပ်ကိုလည်း သဘာဝအသားအရောင်အတိုင်းဖြစ်အောင် ပါးပါးပဲလိမ်းပါတယ်။ မျက်တောင်ကော့တဲ့အခါ ဇွန်းကိုသုံးသတဲ့။ ဇွန်းနဲ့ မျက်ခွံကိုအုပ်ပြီးမှ မျက်တောင်ကော့ဆေးသုံးရင် ပိုကော့တယ်နော်။

 

အသားအရေကို ဦးစားပေးထိန်းသိမ်းတဲ့သူပါ။ ကိုယ်တိုင်ကလည်း Kora ဆိုတဲ့ skin care အမှတ်တံဆိပ်ကို ထုတ်လုပ်ထားတယ်။ အော်ဂဲနစ်ပစ္စည်းတွေကိုသုံးထားတယ်လို့ ဆိုတယ်။ တစ်ပတ်နှစ်ကြိမ် sauna လုပ်သတဲ့။ ရေနွေးငွေ့နဲ့ ပေါင်းတင်တာက သိသာတယ်လေ။

 

ရေနွေးထဲကို သံပရိုရည်ညှစ်သောက်တာက သူမရဲ့ခန္ဓာကိုယ်ကို လှပအောင် ထိန်းသိမ်းနည်း တစ်ခုပါပဲ။ တစ်ပတ်နှစ်ကြိမ် pilate နဲ့ ယောဂ လုပ်ပါတယ်။ Plank ထောက်တာလည်း အမြဲလုပ်တော့ ဗိုက်လေးချပ်နေတယ်။ ပြီးတော့ ဟင်းသီးဟင်းရွက်စားရတာ ကြိုက်တယ်လို့ ကမ္ဘာကျော်မော်ဒယ်က ဆိုပါတယ်။

Source : Harper Bazaar


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က