အတွင်းခံဘောင်းဘီကြောင့်၊ ဂွမ်းထုပ်ကြောင့် ပွန်းပြီး ညိုသွားရတာ....

ပေါင်တွင်းသားလေးတွေ ညိုမည်းနေရင် မမိုက်ဘူးနော်။ ရေကူးဝတ်စုံ လှလှလေးတွေ ဝတ်ဖို့အတွက်လည်း မဝတ်ရဲတော့ဘူး။ ပေါင်တွင်းသားလေးတွေ ညိုမည်းနေတဲ့ မဒီလေးတို့ကို ပေါင်တွင်းသားဖြူလာစေမယ့်နည်းလေးတွေ ပြောပြမယ်နော်။

၁။ သံပရိုသီး

how-to-lighten-your-dark-inner-thighs-lemon.jpg 

သံပရိုသီးမှာပါတဲ့ cirtric acid ဓာတ်က အသားကို လွယ်လွယ်ကူကူ ဖြူလာစေပါတယ်။ သံပရိုသီးတစ်ခြမ်းကိုယူပြီး အရည်ညှစ်၊ အရည်ကို ဂွမ်းစလေးနဲ့တို့ပြီး မည်းတဲ့နေရာကိုပွတ်ထားလိုက်ပါ။ ၁၀ မိနစ်လောက် ထားပြီးမှ ရေဆေးပေးတာမျိုးက ထိရောက်ပါတယ်။ နေ့တိုင်းလုပ်သွားရင် တစ်လအတွင်း သိသိသာသာဖြူလာမှာပါနော်။

၂။ ရှားဇောင်းလက်ပပ်

how-to-lighten-your-dark-inner-thighs-aloe-vera.jpg 

အသားဖြူစေတဲ့ သဘာဝပစ္စည်းတွေထဲမှာ ရှားဇောင်းက နာမည်ကြီးတယ်လေ။ သူ့ကိုလည်း အနှစ်ကိုယူ၊ မည်းတဲ့နေရာကို ပွတ်ပေးရတယ်။ သူကျတော့ မိနစ် ၂၀ ထားပြီးမှ ရေနွေးနွေးလေးနဲ့ ပြန်ဆေးရတာ။ ဒါလည်း နေ့တိုင်းလုပ်ပေးလို့ရပါတယ်။ အသားကို ချောမွတ်ပြီး ဖြူလာစေတယ်။

၃။ စန္ဒကူးမှုန့်နဲ့ rose water

Home-Remedies-Whiten-Hands-Legs-1.jpg 

Rose water ၁၀ စက်လောက်ကိုယူပြီး စန္ဒကူးမှုန့်နဲ့ ရောမွှေ၊ ပြီးရင် ပေါင်ကြားလေးကို လိမ်းထားပေးရုံပဲ။ မိနစ် ၂၀ ထားပြီးမှာ ရေဆေးချရတယ်။ စန္ဒကူးမှုန့်ကို အသားဖြူအောင် သုံးလာကြတာ ဟိုးရှေးကတည်းကပါပဲ။ ဒီနည်းကိုတော့ တစ်ပတ် ၃ ကြိမ်လောက် လုပ်ပေးရင် ရပါပြီ။

Source : Go Fit Stay

Share

Loading Next Article...
က္က