အဆီပြန်တဲ့အသားအရေက အမာရွတ်တွေပျောက်တာမြန်တယ်လေ။

ကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်ထားရင် ဘာလိမ်းလိမ်း အဆင်ပြေပါတယ်။ အသားအရေလေးကောင်းနေပြီဆိုရင် မိတ်ကပ်တွေအများကြီး လိမ်းစရာလည်းမလိုဘူး။ နွေရာသီဆိုတော့ အဆီပြန်၊ ဖုန်ကပ်နဲ့ ဝက်ခြံတွေလည်း ပိုထွက်လာတဲ့အချိန်မဟုတ်လား။ အဆီပြန်၊ ဝက်ခြံထွက်လွယ်တဲ့ မဒီလေးတို့ကို အသားအရေဘယ်လိုထိန်းသိမ်းမလဲဆိုတာ ပြောပြဦးမယ်နော်။

 

ကိုယ့်ရဲ့အသားအရေက အရမ်းအဆီပြန်တဲ့အတွက် ဖုန်တွေနဲ့ လိမ်းထားတဲ့မိတ်ကပ် သနပ်ခါးတွေက ပိုပြီးကပ်နိုင်ပါတယ်။ အဲ့တာကြောင့်မို့လို့လည်း ဝက်ခြံထွက်နိုင်ခြေက ပိုများတယ်။ ဒါပေမဲ့ ကောင်းတာလည်းရှိသေးတယ်။ အဆီပြန်တဲ့အသားအရေက အမာရွတ်တွေပျောက်တာမြန်တယ်လေ။

 

အဲ့ဒီတော့ ကိုယ့်ရဲ့မျက်နှာက အရမ်းအဆီမပြန်အောင်၊ ဝက်ခြံတွေထွက်တာလည်း နည်းသွားအောင် ဘယ်လိုထိန်းရမလဲဆိုတဲ့အဆင့် လာပြီ။ အခြေခံအဆင့်တွေကတော့ မျက်နှာကို သန့်ရှင်းစိုပြေအောင်ထားဖို့ပါပဲ။ မိတ်ကပ်/သနပ်ခါး လိမ်းချင်တာလိမ်း၊ ညကျရင်တော့ အားလုံးပြောင်အောင်ဖျက်ပြီးအိပ်နော်။ ပထမဆုံး မိတ်ကပ်ကိုဖျက်၊ ဒုတိယက မျက်နှာသစ်၊ တတိယက တုန်နာ(toner) လိမ်းရမယ်။ တုန်နာကိုလိမ်းတာက ချွေးပေါက်ထဲမှာကျန်နေမယ့် အညစ်အကြေးနဲ့ မိတ်ကပ်အကြွင်းအကျန်တွေစင်သွားအောင်လုပ်တာပါ။ ဒါဆိုမျက်နှာက သန့်စင်သွားပြီ။

 

မိတ်ကပ်ဖျက်ဆေး၊ မျက်နှာသစ်ဆေးနဲ့ တုန်နာတို့က မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားလိုက်မှာဆိုတော့ မျက်နှာအသားအရေလေးစိုပြေနေအောင် ပြန်ထိန်းသိမ်းရတော့မယ်။ အစိုဓာတ်ဖြည့်မယ့်ခရင်မ် (moisturizer) လေး လူးပေးရမယ်။ အဆီပြန်အသားအရေပိုင်ရှင်တွေက moisturizer ကို gel type သုံးသင့်ပါတယ်။ ပြီးရင်တော့ night cream လေး လိမ်းပေးရင်ကို အဆင်ပြေသွားပါပြီ။ ဒီအတိုင်း တစ်လလောက် ပုံမှန်လုပ်သွားရင် နဂိုထက် အများကြီး ပိုကောင်းလာမှာသေချာပါတယ်နော်။

 

ဒီ့ထက်ပိုပြီး ဂရုစိုက်ချင်တယ်ဆိုရင်တော့ တစ်ပတ်ကို တစ်ကြိမ်မှသုံးကြိမ်ကြား exfoliate လုပ်ပေးပါ။ ပေါင်းတင်ကပ်ခွာ (sheet mask) ကိုလည်း တစ်ပတ် တစ်ကြိမ်မှသုံးကြိမ်ထိ သုံးပေးရပါမယ်။ Essence ကိုလည်း နေ့စဉ် သုံးပေးနိုင်ပါတယ်။ သူကတော့ အသားအရေကို တောက်ပပြီး အသားအရောင်ညီအောင်လုပ်ပေးနိုင်သလို အရေးအကြောင်းတွေကိုကာကွယ်ပေးမှာပါ။

Share

Loading Next Article...
က္က