ခုတလော အရမ်းသဘောကျနေမိတဲ့ body scrub အကြောင်း ပြောရဦးမယ်။ ကိုယ်တိုင်လုပ် ကော်ဖီ scrub ပါ။

သင်္ကြန်ပိတ်ရက် ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းမယ့် မဒီလေးတွေရှိလား။ အပြင်မထွက်ချင်လို့ အခန်းထဲမှာ သာသာယာယာ အနားယူရင်း အသားအရေနဲ့ ဆံပင်ကို ထိန်းသိမ်းကြမယ်လေ။ အချိန်ရနေတာဆိုတော့ လှရေးပရေးလေးတွေ အိမ်တွင်းမှာပဲ လုပ်ကြရအောင်။ ရာသီဥတုနဲ့ ကိုက်ညီဖို့အတွက်တော့ နွေရာသီမှာ လုပ်လို့ရတဲ့ အိမ်တွင်းအလှအပရေးရာလေးတွေကို မျှဝေလိုက်ပါတယ်။

၁။ ဆံပင်ပေါင်းတင်မယ်

-.jpg 

ခေါင်းကနေ စပြီး လုပ်ရအောင်။ ဆံပင်အဖျားတွေဖွာနေရင်၊ နှစ်ခွဖြစ်နေရင် ၃ လ တစ်ကြိမ်လောက် အဖျားလေး တိပေးသင့်ပါတယ်။ တအားပျက်စီးနေတဲ့ဆံပင်ဖျားတွေကို ညှပ်လိုက်တာက အကောင်းဆုံးနည်းပါ။ ပြီးတော့မှ ဆံပင်ကို ပေါင်းတင်သင့်တယ်။ ကြက်ဥအနှစ်ရယ်၊ အပူပေးထားတဲ့ သံလွင်ဆီ/အုန်းဆီရယ်၊ ပျားရည်တစ်ဇွန်းရယ် ရောပြီး ဆံပင်အနှံ့လိမ်းထားပါ။ အပေါ်ကနေ shower cap လေးနဲ့ အုပ်ထားပြီး ၂၅ မိနစ်ကြာမှ ခေါင်းလျှော်လိုက်ရုံပါပဲ။ ဆံပင်ကိုနက်မှောင်သန်စွမ်းစေပါတယ်။

၂။ မျက်နှာကြေးချွတ်ပေါင်းတင်ဖို့

cucumber-mask.jpg 

ပထမဆုံးမျက်နှာကို cleansing foam နဲ့ အရင်သစ်ပါ။ Cleansing foam ကို မျက်နှာပေါ်တိုက်ရိုက်မတင်ရပါဘူး။ မျက်နှာကို စိုစွတ်အောင်လုပ်၊ မျက်နှာသစ်ဆေးကို လက်ဖဝါးထဲမှာ အမြှုပ်ထအောင်ပွတ်ပြီးမှ မျက်နှာပေါ်ကို စက်ဝိုင်းပုံသဏ္ဍန်လိမ်းပေးပါ။ ပြီးရင် ရေနွေးလေးနဲ့ ပြန်သစ်ပါ။ ချွေးပေါက်တွေပွင့်သွားပါလိမ့်မယ်။ အဲ့ဒီတော့မှ ချွေးပေါက်အတွင်းထဲထိ သန့်သွားအောင် တုန်နာကို ဂွမ်းစလေးနဲ့ပွတ်ဆွဲပေးရပါတယ်။ ပေါင်းတင်ဖို့အတွက်ကတော့ ရာသီနဲ့ကိုက်အောင် ဒိန်ချဉ်၊ ရှားဇောင်းလက်ပပ်အနှစ်နဲ့ သံပုရာရည် ၂ စက်လောက်ကို ရောမွှေပြီး မျက်နှာပေါ် နာရီဝက်လောက် လိမ်းထားရုံပါပဲ။ နောက်မှ ရေအေးလေးနဲ့ ပြန်ဆေးချ၊ mouristurizer လေး လိမ်းထားပြီး ကိုယ်လိမ်းမယ့်ခရင်မ်ကို ဆက်လိမ်းပေးသွားရင် ရပါပြီ။

၃။ Body Scrub

coffee-reduces-inflammation-1.jpg 

ခုတလော အရမ်းသဘောကျနေမိတဲ့ body scrub အကြောင်း ပြောရဦးမယ်။ ကိုယ်တိုင်လုပ် ကော်ဖီ scrub ပါ။ ကော်ဖီမှုန့်စစ်စစ် ၊ ပျားရည်၊ သံပုရာသီးတစ်ခြမ်းကိုအရည်ညှစ်ထည့်၊ သကြားထည့်ပြီးမွှေလိုက်ရင် scrub ရပြီ။ သူက အသားကို စိုပြီးအိနေတာ။ ပိုက်ဆံမကုန်ဘဲ ကိုယ့်ဘာသာ spa လုပ်ပစ်လိုက်တယ်လေ။

၄။ ခြေနဲ့လက်

78629388.jpg 

လက်နဲ့ခြေကိုလည်း လှလှပပလေး ဖြစ်ချင်သေးလား။ ရတယ်လေ။ ပထမဆုံး ရေကြက်သီးနွေးလေးထဲကို ဆားနည်းနည်းထည့်၊ essential oil ၃ စက်လောက်ထည့်ပြီးရင် နာရီဝက်လောက် ခြေတွေလက်တွေ စိမ်ထားလိုက်ရုံပဲ။ စိမ်ထားရင်းမှ ခြေချောင်းနဲ့ ခြေဖနောင့်လေးတွေကို ဘရပ်ရှ်လေးနဲ့ တိုက်ပေးနေပေါ့။ ပြီးတော့မှ လက်သည်းခြေသည်းတွေကို ညှပ်၊ ဘာလို့လဲဆိုတော့ ရေစိမ်ထားတော့ ခြေသည်းလက်သည်းတွေက ပျော့နေချိန်မှာ ညှပ်ရတာပိုအဆင်ပြေပါတယ်။  ရေခြောက်သွားရင် သံလွင်ဆီလေးကို အပူပေးပြီး လိမ်းပေးနိုင်ပါတယ်။ Vaseline လိမ်းရင်လည်း အရမ်းသိသာတယ်။ ခြေဖဝါး လက်ဖဝါးလေးတွေ နူးညံ့နေမှာပါ။

Share

Loading Next Article...
က္က