လှန်းတဲ့အခါ သတိထားရမှာက ဘရာတွေကို ကိုင်းကြိုးကနေချိတ်ပြီးမလှန်းရဘူး။

အတွင်းပစ္စည်းဆိုလို့ အဖိုးတန် စိန်ရွှေရတနာတွေလို့ မထင်လိုက်ပါနဲ့။ မိန်းကလေးတွေအတွက်တော့ အတွင်းခံအဝတ်အစားတွေဟာ အတွင်းပစ္စည်းလို အရေးကြီးလှတယ်လေ။ အတွင်းမှာဝတ်ရတယ်ဆိုပေမဲ့ ဆိုဒ်မမှန်ရင်၊ စနစ်တကျ လျှော်ဖွပ်သိမ်းဆည်းတာမျိုး မလုပ်ရင် အတွင်းခံအဝတ်တွေဟာ မြန်မြန်ဆန်ဆန်ပျက်စီးသွားရတယ်။ အဲ့ဒီအခါ ခန္ဓာကိုယ်အလှကို ထိန်းပေးမထားနိုင်တဲ့အတွက် အလှပျက်ရောလေ။

ဘယ်လိုလျှော်လဲ

1.jpg 

အတွင်းခံအဝတ်အစားတွေကို စက်နဲ့မလျှော်ပါနဲ့။ ဘရာစီယာကိုရော အတွင်းခံဘောင်းဘီတွေကိုပါ လက်နဲ့လျှော်တာ အကောင်းဆုံးဖြစ်ပါတယ်။ လျှော်ရင် ရေနွေးကိုမသုံးပါနဲ့။ အထည်ပျက်စီးပါတယ်။ ရိုးရိုးရေနဲ့ပဲလျှော်ပါ။ ဆပ်ပြာနဲ့ချွတ်ဆေးကို အများကြီးသုံးရင် ဝတ်တဲ့အခါ ယားယံစေနိုင်လို့ ချွတ်ဆေးမသုံးရင်အကောင်းဆုံးပါပဲ။ ဘရာကိုရောဘောင်းဘီကိုပါ ရေညှစ်တဲ့အခါ လိမ်ပြီးမညှစ်ရပါဘူး။ တင်းရင်းမှုတွေနည်းသွားပါလိမ့်မယ်။ လက်နဲ့ဖိချပြီး ရေတွေကိုစိမ့်ထွက်သားပါစေ။

 

အရိပ်ထဲမှာလှန်း

2.jpg 

လှန်းတဲ့အခါ သတိထားရမှာက ဘရာတွေကို ကိုင်းကြိုးကနေချိတ်ပြီးမလှန်းရဘူး။ ရေတွေနဲ့အိပြီး အောက်ကိုတွဲကျရင် ကိုင်းကြိုးလျော့သွားရော။ ခွက်နှစ်ခုကြားကနေ ခေါက်ချိုးညီအနေအထားနဲ့လှန်းပါ။ နေပူထဲမှာ ကြာကြာလှန်းတာလည်း အထည်ပျက်စီးပါတယ်။ အရိပ်ထဲလှန်းပြီး နေပူနည်းနည်းပြရင် လုံလောက်ပါပြီ။

 

ဘယ်လိုသိမ်းရမလဲ

bras-panties-storage-tips-youtube-nice-bra-drawer-2-1299-x-948.jpg 

ဘရာတွေနဲ့ အတွင်းခံဘောင်းဘီတွေကို သိမ်းဆည်းတာလည်း ပညာတစ်ခုပါပဲ။ အတွင်းခံဘောင်းဘီလေးတွေကိုတော့ ခေါက်ပြီး သိမ်းဆည်းနိုင်ပေမဲ့ ဘရာတွေကိုတော့ မခေါက်ဘဲသိမ်းတာ ပိုသင့်လျော်ပါတယ်။ အထူးသဖြင့် ပုံစံခွက်ပါရင် မခေါက်ပါနဲ့။ ဒီအတိုင်း မှောက်လျက်လေးနဲ့ အထပ်လိုက်စီထားရင် ပုံစံမပျက်တော့ဘူးလေ။ ဝတ်တဲ့အခါလည်း အသာဆွဲထုတ်ပြီးဝတ်ရုံပါပဲ။ ဘရာတွေကို ခေါက်လိုက်ရင် ခွက်တွေချိုင့်သွားတတ်လို့ ဝတ်တဲ့အခါ ကိုယ့်ရင်သားအလှပျက်နိုင်တယ်ဆိုတာ မဒီလေးတို့ကို သတိပေးလိုက်တယ်နော်။

Share

Loading Next Article...
က္က