တစ်ပတ် ၃ ကြိမ်ထက် ပိုလုပ်ရင်တော့ အသားအရေရဲ့ သဘာဝ တင်းရင်းနိုင်စွမ်းကို လျော့ကျသွားစေတယ်။

အလှအပရေးရာတွေ အမျိုးမျိုး ခေတ်စားလာတဲ့အထဲမှာ ခုနောက်ဆုံးပေါ် နည်းတစ်ခုကတော့ facial cupping လုပ်တဲ့နည်း ဖြစ်ပါတယ်။ Facial cupping လုပ်တဲ့ ဆီလီကွန် ကန်တော့ခွက်လေးတွေကိုလည်း အွန်လိုင်းမှာ ရောင်းနေတာ တွေ့ရတယ်။ ငယ်ငယ်တုန်းက စားခဲ့ရတဲ့ ဂျယ်လီခွက်ပုံစံလေးနဲ့ ခပ်ဆင်ဆင်ပါပဲ။ မျက်နှာတင်းရင်းဖို့အတွက် လုပ်ရတဲ့ ခွက်လေးတွေပါ။

 

ဆီလီကွန်ခွက်လေးတွေက တစ်စုံမှာ ကန်တော့ခွက် ၄ ခု ပါပါတယ်။ အကြီးနှစ်ခု၊ အသေးနှစ်ခုပါ။ အကြီးနှစ်ခုကိုတော့ ပါးနှစ်ဖက်၊ နှဖူး၊ မေးတို့အတွက် သုံးရပါတယ်။ အသေးနှစ်ခုကတော့ မျက်လုံးနားတစ်ဝိုက်နဲ့ နှုတ်ခမ်းကို အသုံးပြုဖို့ပါ။ Cupping လုပ်ပြီးရင် မျက်နှာကို ပွတ်ပေးဖို့ massage လုပ်တဲ့ အပြားလေးလည်းပါတယ်။

 

မျက်နှာသစ်ပြီးသွားရင် မျက်နှာကို moisturizer အရင် လိမ်းရပါတယ်။ ဆီပါတဲ့ moisturizer ကို သုံးတာက facial cupping အတွက် အကောင်းဆုံးပါ။ ပြုလုပ်နည်းက ရိုးရှင်းတယ်။ မျက်နှာပေါ်ကို စုပ်ခွက်လေးတွေနဲ့ စုပ်ထားပြီး ခွက်ကိုဖြည်းဖြည်းချင်း ဆွဲတင်ပေးရတယ်။ ၅ မိနစ်လောက် လုပ်ရုံပါပဲ။ သူ့ရဲ့သဘောတရားက မျက်နှာကို နှိပ်နယ်ပေးတာနဲ့ ဆင်ပါတယ်။

ကောင်းကျိုးတွေ အနေနဲ့ကတော့ သွေးလည်ပတ်မှုကို ကောင်းစေတာကြောင့် မျက်နှာကို တင်းရင်းစေတယ်။ အရေးအကြောင်းတွေ လျော့နည်းစေတယ်လို့ သုံးဖူးသူတွေက ဆိုတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးရင် သိသာတယ်လို့လည်း ပြောကြတယ်။

 

ဆိုးကျိုးတွေလည်း ရှိသေးတယ်။ အဲ့တာကတော့ facial cupping လုပ်ပြီးသွားရင် မျက်နှာက နီရဲပြီး အမ်းနေတာမျိုး ခံစားရတတ်တယ်။ ဒါပေမဲ့ ခဏနေရင် ပျောက်သွားပါလိမ့်မယ်။ တစ်ပတ် ၃ ကြိမ်ထက် ပိုလုပ်ရင်တော့ အသားအရေရဲ့ သဘာဝ တင်းရင်းနိုင်စွမ်းကို လျော့ကျသွားစေတယ်။ ပြီးတော့ sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင်တွေ သုံးဖို့မသင့်ပါဘူး။ မျက်နှာပေါ်က ဆံခြည်မျှင်သွေးကြောလေးတွေလည်း ပေါက်သွားတတ်တယ်လို့ အလှအပရေးရာ ဆရာဝန်တွေက သတိပေးထားပါတယ်။

Source : SELF

Share

Loading Next Article...
က္က