အဲ့ဒီဆိုင်က အတုတွေရောင်းတယ်လို့ တွေးမိတဲ့အထိပဲ ....

ရေမွှေးကြိုက်လို့ အကောင်းစားရေမွှေးတွေကို ဝယ်ထားပြီး လပိုင်းအတွင်းမှာပဲ ရေမွှေးနံ့က ပြောင်းသွားလို့ ဝယ်တဲ့ဆိုင်ကို သို့လော သို့လော သံသယဖြစ်ဖူးကြမယ် ထင်ပါတယ်။ အဲ့ဒီအခါကျတော့ ဘားကုတ်တွေနဲ့ scan ဖတ်ပြီး စစ်ကြည့်ပါ။ ရေမွှေးအတုလည်း မဟုတ်ပါဘဲ အနံ့တွေပြောင်းကုန်တယ် ဆိုရင်တော့ ကိုယ့်အမှားလေးတွေကြောင်ဖြစ်ရတာပါပဲ။

၁) ရေမွှေးကိုပွတ်တယ်

57abc4f02eec87176d72444597d9daff.jpg 

လက်ကောက်ဝတ်လေးမှာ ရေမွှေးကိုဆွတ်ပြီး ပွတ်လိုက်တာမျိုး ခဏခဏလုပ်ကြတယ်။ လက်ကောက်ဝတ်မှာ ရေမွှေးဆွတ်တာ မှန်ပါတယ်။ အနံ့ပိုစွဲတယ်လေ။ ဒါပေမဲ့ လက်နှစ်ဖက်ပွတ်လိုက်တော့ ရေမွှေးအနံ့တွေက ပြောင်းသွားတယ်။ အထူးသဖြင့် ရေမွှေးတွေက top-middle-end ဆိုပြီး အနံ့ဖွဲ့စည်းပုံ ၃ ဆင့်နဲ့ လာတာမှာ ပထမအဆင့်နဲ့ ဒုတိယအဆင့် အနံ့တွေက ပျက်ပြယ်သွားရော။

၂) သိမ်းတဲ့နေရာ

herphilly-shelf-007.jpg 

ရေမွှေးတွေဟာ ပတ်ဝန်းကျင်ကိုလိုက်ပြီး အနံ့ပြောင်းသွားပါတယ်။ အပူချိန် အနိမ့်အမြင့်အလိုက် အနံ့ပြောင်းသွားတတ်တယ်။ ပူတဲ့နေရာမှာ မထားရဘူး၊ နေရောင်ကျတဲ့နေရာကို မထားရပါဘူး။ အေးလွန်းတဲ့နေရာမှာလည်း မထားရဘူးနော်။

၃) တန်အောင်ပုလင်းကြီးဝယ်မိတယ်

Apply-Perfume-Step-24.jpg 

သာမာန် ရေမွှေးတစ်ပုလင်းရဲ့ အနံ့သက်တမ်းဟာ ၃ လ ကျော်ကျော်ပဲရှိတယ်လို့ ပြင်သစ်ရေမွှေးပညာရှင် Francis Kurkdjian က ပြောပါတယ်။ နေ့တိုင်း မဆွတ်ဘူးဆိုရင် ပုလင်းကြီးမဝယ်ပါနဲ့တဲ့။ သုံးရတာ မကုန်သေးဘဲ အနံ့ပြောင်းသွားတာမျိုး မဖြစ်ချင်ဘူးဆိုရင်ပေါ့။

၄) ခြောက်သွေ့နေတဲ့အရေပြားကိုဖြန်းတယ်

How-to-apply-perfume.jpg 

ချွေးထွက်လာရင် ၊ အဆီပြန်လာရင် ရေမွှေးနံ့က ပျက်စီးသွားတယ်။ ခန္ဓာကိုယ်မှာ ရေမွှေးနံ့လေး သင်းပျံ့နေချင်ရင် အရေပြားပေါ်ပဲ မဆွတ်ပါနဲ့။ ဆံပင်၊ လည်စည်း ၊ ကော်လံတို့မှာ ဆွတ်ပေးသင့်ပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က