ဆံပင်အကောက်တွေက ပိုပြီးဆက်စီကျလို့ ဆွဲဆောင်မှုပိုကောင်းတယ်။

ကိုယ့်ရဲ့ဆံပင်တွေက မွေးရာပါ အကောက်မို့လို့၊ လှိုင်းတွန့်ပါလို့ စိတ်ညစ်နေရင်တော့ အမြဲတမ်းပဲ စိတ်ညစ်နေရမှာပါပဲ။ ဆံပင်အကောက်ကို လက်မခံနိုင်ဘဲ ဖြောင့်ဖို့ကြိုးစားရင်းနဲ့ အချိန်တွေကုန်၊ ငွေတွေကုန်၊ ဆံပင်တွေလည်း ပျက်စီးရတာ နှမျောဖို့ကောင်းပါတယ်။ အကောက်တွေခေတ်စားနေတဲ့အချိန်မှာ သဘာဝဆံပင်အကောက်လေးတွေက ဆွဲဆောင်မှုအရှိဆုံးပါပဲနော်။

 

သဘာဝဆံပင်အကောက်လေးတွေကို အရှိအတိုင်းလက်ခံပြီး ကျေနပ်ဂုဏ်ယူနေသူတွေ အများကြီးရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင်တော့ Siperman : Home Coming ထဲက မင်းသမီး ဇန်ဒါရာပါ။ သူဆိုရင် သူ့ဆံပင်အကောက်လေးကို မဖြောင့်ပါဘူး။ လှပအောင်ပဲ ပြင်ဆင်ပြီးပွဲတက်လေ့ရှိတယ်။

 

ဆံပင်အကောက်တွေကို ဘာလို့မကြိုက်ကြတာလဲလို့မေးရင် အများစုက ဖြေကြတယ် " ဆံပင်ကြီးဖွာလန်နေလို့၊ ရှုပ်ပွနေလို့၊ သပ်သပ်ရပ်ရပ်မရှိလို့" ဆိုတဲ့ အဓိကအဖြေ ၃ ခုကို တွေ့ရပါတယ်။ ဆံပင်တွေဖွာတာကတော့ ဖြောင့်တဲ့ဆံပင်လည်းဖွာလန်ကြဲတာပါပဲ။ တကူးတက ကောက်ထားတဲ့လူတွေဆိုရင် ပိုပြီးတော့တောင် ထိန်းသိမ်းရသေးတယ်။ ကောက်တဲ့ဆံပင်ကို ဖြောင့်ရရင် ဆံပင်ပျက်စီး ငွေကုန်ပြီး နောက်တော့လည်း ပြန်ကောက်သွားဦးမှာပါပဲ။ ပင်ကိုယ်အလှကသာ အလှဆုံးပါ။

 

နောက်တစ်ခုကတော့ ရှေးရိုးဆန်တဲ့အာရှသူတွေဟာ ဆံပင်အဖြောင့်ကိုမှ လှတယ်ထင်ကြလို့ပါ။ ဆံပင်ကိုဖြောင့်စင်းပြီး ရှည်လျားနက်မှောင်နေမှ လှတယ်လို့ယူဆကြတယ်။ ဒီခတ်မှာကတော့ ဆံပင်ကို မျိုးစုံလုပ်ကြတယ်လေ။ ဖြောင့်၊ကောက်၊ ညှပ်၊ ဆေးဆိုး စုံလို့ပါပဲ။ ဆံပင်အရှည်ထားဖို့ဆိုတာကလည်း ရာသီဥတုကပူ၊ အလုပ်ကများတော့ ထိန်းသိမ်းရခက်တယ်၊ အချိန်ကုန်ပါတယ်။ ကိုယ့်ရဲ့မွေးရာပါဆံပင်အကောက်လေးက တကူးတကကောက်ထားတာမဟုတ်ဘဲ ဆွဲဆောင်မှုရှိနေတာကို ဂုဏ်ယူသင့်ပါတယ်။

see also 

 

ကိုယ့်ရဲ့ပင်ကိုယ်ဆံပင် လှိုင်းတွန့်၊ အကောက်လေးကို လှအောင် ဘယ်လိုနေကြမလဲ?

၁) နေ့တိုင်းခေါင်းမလျှော်ပါနဲ့။ ဦးရေပြားကနေထွက်တဲ့ သဘာဝအဆီက ဆံပင်တွေကို စုစည်းစေပြီး ဆံပင်တွေဖွာလန်ကြဲတာ မဖြစ်စေဘူး။

၂) Dry shampoo ကို အသုံးပြုပါ။ ဦးရေပြားက အဆီတွေအရမ်းများလို့ မနေတတ်ဘူးဆိုရင် အဆီတွေကိုစုပ်ယူဖို့အတွက်ပေါ့။

၃) ကိုယ့်ဆံပင်အမျိုးအစားအတွက် ထုတ်ထားတဲ့ ဆံပင်ပစ္စည်းတွေကို အသုံးပြုတာ အကောင်းဆုံးပါပဲ။ ကောက်တဲ့ဆံသားတွေအတွက် ထုတ်ထားတဲ့ အလှကုန်ပစ္စည်းတွေက ကိုယ့်ကိုပိုလှသွားစေပါတယ်။ Argan Oil ဆိုရင် ကောက်သားဆံပင်တွေအတွက် ကောင်းပါတယ်။

၄) ခေါင်းလျှော်ပြီးရင်တော့ ဆံပင်တွေ ခြောက်မသွားခင် ခေါင်းဖြီးပါ။ ဘီးကြဲကိုသုံးပြီး ဆံပင်စိုနေတုန်းဖြီးမယ်ဆို ဆံပင်ရှုပ်ပွတာ သက်သာပါတယ်။

၅) ဆံပင်အကောက်လေးကို ကောက်သားပိုပေါ်ချင်ရင်တော့ ကျစ်ဆံမြီးကျစ်ပြီး အိပ်ရာဝင်ပါ။ မနက်မိုးလင်းလို့ ကျစ်ဆံမြီးဖြည်လိုက်ရင် ကောက်သားပိုပေါ်နေပါလိမ့်မယ်နော်။

Share

Loading Next Article...
က္က