ကျောရိုးနဲ့ ဘရာကြား လက်နှစ်ချောင်းထက်ပိုပြီး ထိုးထည့်လို့ရနေရင် ဘရာဆိုဒ် မမှန်ပါဘူး။

မိန်းကလေးတွေအဖို့တော့ အတွင်းပစ္စည်းတွေက သိပ်ကိုအရေးကြီးတယ်လေ။ ဘရာကောင်းကောင်းဝတ်မှ နေရထိုင်ရပေါ့ပါးပြီး ရင်သားအလှကို ထိန်းသိမ်းပေးနိုင်မှာပါ။ ဘရာဝယ်တိုင်း လုပ်နေမိတဲ့အမှားတွေက ကိုယ့်ရဲ့ မိန်းမသားအလှကို ပုံပျက်စေလို့ ဒီအမှားတွေကို ခုပဲ ရပ်လိုက်သင့်ပါပြီ။

၁။ Cup Size ကို လျှော့တွက်မိခြင်း

bramstake4.jpg 

ကိုယ့်ရဲ့ရင်သားတွေ အကြီး၊ အသေးကို ကိုယ်တိုင်အသိဆုံးပါ။ ဘရာအသစ်ဝယ်မယ်ဆို အုံ (cup size)ကို ထည့်သွင်းစဉ်းစားရပါတယ်။ ကိုယ့်အတွက်သင့်တော်တဲ့ အုံ ဆိုတာမျိုးက ဝတ်လိုက်ရင် ချိုင်းနားမှာ လျှံထွက်မနေတာကို ဆိုလိုတာပါ။ ချောင်လည်းမချောင်ဘူး၊ ကြပ်လည်းမကြပ်ဘူး။ ဝတ်လိုက်ရင် ချိုင်းအောက်က အသားတွေလျှံထွက်နေတာမျိုးလည်း မဖြစ်ရဘူး။

၂။ Band size ကို ပိုတွက်မိတယ်

အုံက သေးလွန်းတဲ့အခါ band size (အောက်ခြေပတ်လည်အကျယ်)က အရမ်းကြီးသွားပါတယ်။ ကျောရိုးနဲ့ ဘရာကြား လက်နှစ်ချောင်းထက်ပိုပြီး ထိုးထည့်လို့ရနေရင် ဘရာဆိုဒ် မမှန်ပါဘူး။ အရမ်းကျပ်နေရင် အသက်ရှုကြပ်စေပြီး ချောင်လွန်းရင်တော့ ရင်သားတွေလျော့တွဲလာနိုင်ပါတယ်။

၃။ Brand အကုန်လုံး တစ်ဆိုဒ်တည်းလို့ထင်မိတယ်

bramistake3.jpg 

မဟုတ်ပါဘူး။ ထုတ်လုပ်မှုပုံစံပေါ် မူတည်ပြီး brand တွေအလိုက် ဆိုဒ်က ကွာနိုင်ပါတယ်။ ဥပမာ A Brand နဲ့ ၃၄ ဝတ်နေကြဆိုရင် B brand ရဲ့ ဆိုဒ် ၃၄ ကလည်း ကိုယ်နဲ့ အဆင်ပြေမယ်ဆိုပြီး ဝယ်မိတာမျိုးပေါ့။

see also 

၄။ နှစ်ကြာတဲ့အထိ တစ်ဆိုဒ်တည်းဝယ်နေမိတယ်

ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေက အမြဲတမ်းဖြစ်ပေါ်နေတာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ဆိုဒ် ၃၂ နှစ်မို့လို့ ခုချိန်ထိလည်း ဆိုဒ် ၃၂ ကို ဝတ်နေမိတာ မဖြစ်သင့်ဘူး။ နှစ်တိုင်းမှာ ဆိုဒ်က အပြောင်းအလဲဖြစ်တတ်ပါတယ်။

၅။ ကွာလတီကို ဦးစားမပေးမိဘူး

bramistake6.jpg 

ဘရာလှလှလေးတွေမြင်ရင် သဘောကျပြီး ဝယ်မိရော။ တကယ်တမ်း ဝတ်ကြည့်တော့ အဆင်မပြေတာမျိုးဖြစ်ဖူးလား။ အဆိုးဆုံးကတော့ ဝယ်ပြီး မကြာခင် ဘရာက လျော့တိလျော့ရဲဖြစ်လာတာမျိုးပါ။ ဒါဟာ ကွာလတီမကောင်းတဲ့ဘရာကို ဝယ်မိတဲ့ အကျိုးရလဒ်တွေပါပဲ။ လှတာကို ဦးစားမပေးပါနဲ့။

Source : Pure Wow

Share

Loading Next Article...
က္က