တဖြည်းဖြည်းရောင်ရမ်းပြီး၊ နီရဲလာကာ အဖုအပိန့်တွေ ထွက်လာခဲ့တာကြောင့် အရေးပေါ်ဆေးခန်းကို ပြသခဲ့ရပြီး ပဋိဇီဝဆေးဝါးနဲ့ စတီရွိုက်တွေပါ ထိုးခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်မှာ အမျိုးသမီးတစ်ဦးဟာ microblade လို့ခေါ်တဲ့ မျက်ခုံးမွှေး တက်တူး ဖြည့်စွက်ထိုးဆွဲ ပြီးမှာ ဆေးရုံမှာ သုံးရက်ဆေးကုသမှုခံယူခဲ့ရပါတယ်။

 

Jennifer ဟာ မျက်ခုံးတက်တူးထိုးပြီးခါစမှာတော့ ထွက်လာတဲ့ပုံကို ကျေနပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းရောင်ရမ်းပြီး၊ နီရဲလာကာ အဖုအပိန့်တွေ ထွက်လာခဲ့တာကြောင့် အရေးပေါ်ဆေးခန်းကို ပြသခဲ့ရပြီး ပဋိဇီဝဆေးဝါးနဲ့ စတီရွိုက်တွေပါ ထိုးခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။

အပ်သေးသေးလေးတွေကို အသုံးပြုပြီး ထိုးခဲ့ပေမယ့် microblading လုပ်တဲ့အခါမှာ ရောဂါပိုးဝင်နိုင်တဲ့ အန္တရယ်ကြုံလာနိုင်ပြီး၊ မျက်လုံးနားအနီးတဝိုက်မှာဖြစ်တဲ့အတွက် ပိုပြီး အန္တရယ်ကြုံရနိုင်တယ်လို့ နယူးယောက်မြို့ Memorial Sloan Kettering Cancer Center က အရေပြားခွဲစိတ်အထူးကု ဒေါက်တာ Anthony Rossi က Buzzfeed နဲ့ အင်တာဗျူးမှာပြောပါတယ်။

Microblading ရဲ့သဘောကတော့ အပ်သေးသေးလေးတွေ နဲ့ ခပ်တိန်တိန် လှီးဖြတ်ပြီး မျက်ခုံးကိုထိုးပြီး တက်တူးမင်နဲ့ ဖြည့်စွက်ထိုးဆွဲတာဖြစ်ပါတယ်။

Source: Buzzfeed


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က