play
အကောင်းဆုံးပေါ့ပ်အနုပညာရှင်ဆုရ Fifth Harmony အဖွဲ့

 

နှစ်စဉ်ကျင်းပတဲ့ MTV EMAs ဆုပေးပွဲကို ယခုနှစ်မှာတော့ နယ်သာလန်နိုင်ငံ၊ ရော့တာဒန်မြို့က Ahoy Rotterdam မှာ ပြုလုပ်ခဲ့ပါတယ်။ ဥရောပဂီတဆုပေးပွဲဖြစ်တာကြောင့် ဒီဆုကို ပိုင်ဆိုင်လိုသူတွေလည်း များပါတယ်။ ပွဲကြီးဖြစ်တာကြောင့် ပွဲတက်ဖက်ရှင်တွေကို အစုံအလင် မြင်ရမှာပါ။ ဘယ်သူတွေက ဘယ်လိုတွေဝတ်တယ်ဆိုတာ ကြည့်ကြည့်ပါဦး။

play

 

ဘောလိဝုဒ်မင်းသမီး ဒီပီကာ ပဒူကိုနီကတော့ စကတ်ဖားဖားကြီးကို အလှအပတွေဆင်ထားတဲ့ ဘရာပုံစံခါးတိုအင်္ကျီနဲ့ တွဲပြီးဝတ်ထားတာပါ။ ခါးပတ်ကြီးကြီးပတ်လိုက်တာကတော့ ဝတ်စုံရဲ့အလှကို ဖျက်လိုက်သလိုပါပဲ။ ဒါပေမဲ့ သူမရဲ့အလှအပကိုတော့ အသိအမှတ်ပြုရပါလိမ့်မယ်။

play

 

ရှောင်းမန်းဒက်စ်ဟာ ဒီနှစ်ရဲ့ အကောင်းဆုံးအမျိုးသားအနုပညာရှင်ဆုကို ရခဲ့ပါတယ်။ သူ့အတွက် ပထမဆုံး MTV EMA ဆုလည်း ဖြစ်ပါတယ်။

play

 

လူသစ်တန်းအနုပညာရှင်ဆုကိုတော့ အဆိုတော်မလေး ဇာရာ လာစ်ဆန်က ဆွတ်ခူးသွားပါတယ်။ ဂါဝန်ဖြူဖြူလေးနဲ့ ချစ်စရာအသွင်လေးနဲ့ မြင်ရမှာပါ။

play

 

DNCE အဖွဲ့သားတွေကတော့ မြန်မြန်ဆန်ဆန်နဲ့ပဲ အောင်မြင်လာခဲ့ကြသူတွေပါ။ Best Rush ဆုရှင်အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

play

 

မော်ဒယ် ဂျော်ဒန်ဒန်းကတော့ သူမရဲ့ သွယ်လျတဲ့ပုံရိပ်ကို ပေါ်လွင်စေတဲ့ဝတ်စုံကို ဝတ်ဆင်လာပါတယ်။ ဒီဝတ်စုံဟာ ယခုပွဲတက်ဖက်ရှင်တွေထဲမှာ မျက်စိကျခံရဆုံးတစ်ခုပါပဲ။

play

 

အစီအစဉ်တင်ဆက်သူလေး ဘက်ကာ ဒက်လေကို ပန်းပွင့်ချပ်လေးတွေနဲ့ ဇာဂါဝန်လေးနဲ့အတူ မြင်ရပါတယ်။

Photos : Headlineplanet

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video