အစီအစဉ်မှူးလုပ်တဲ့အခါ အဝတ်အစားအမျိုးမျိုး ပြောင်းလဲ ဝတ်ဆင်ဖို့လည်း လိုအပ်ပါတယ်။
 

နိုဝင်ဘာလ ၂၀ ရက်နေ့ည လော့ဆန်းဂျလိစ်မှာပြုလုပ်တဲ့ အမေရိကန်ဂီတဆုပေးပွဲ (AMAs) မှာ ဂျီဂျီဟက်ဒီးက အစီအစဉ်မှူးအဖြစ် ပါဝင်ဆောင်ရွက်ရင်း အဝတ်အစား  ၆ စုံပြောင်းလဲ ဝတ်ဆင်ခဲ့ပါတယ်။

ကျက်သရေရှိရှိနဲ့ လှပဆွဲဆောင်မှုရှိတဲ့ အဝတ်အစားတွေအမျိုးမျိုး ပြောင်းလဲဝတ်ဆင်နိုင်ဖို့ဆိုတာ အစီအစဉ်မှူးတစ်ယောက်ရဲ့ လိုအပ်ချက်လည်းဖြစ်ပြီး ဒီစိန်ခေါ်မှုကို ဂျီဂျီက အကောင်းဆုံး ဖြေရှင်းနိုင်ပါတယ်။

၁။ ပခုံးပျောက် ဇာဂါဝန်

 

ဂျီဂျီဟက်ဒီးဟာ AMAs ညကို  Roberto Cavalli ရဲ့ လူငယ်ဆန်လှတဲ့  ဝတ်စုံလေးနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

၂။ ပခုံးကြိုးတစ်ဖက်ပါ ဂါဝန်နီ

 

သတ္တုဆန်လှတဲ့ တဖြတ်ဖြတ်လက်နေတဲ့ Versace ဂါဝန်ဟာ 2016 AMAs ပွဲကို တက်ဖို့ အကောင်းဆုံး ဝတ်စုံတစ်စုံဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

၃။ ပုခုံးချွန် မီနီဝတ်စုံ

 

ုပုလဲသီးတွေ၊ ကျောက်တွေနဲ့ ကြိုးတွေပါဝင်တဲ့ ဆန်းကြယ်လှတဲ့ Julien MacDonald ရဲ့ဒီဝတ်စုံဟာ AMAs ဘုရင်မ ဂျီဂျီနဲ့ လုံးဝလိုက်ဖက်လှပါတယ်။

၄။ အကြေးခွံကွက် ကိုယ်ကျပ်ဂါဝန်

 

ကျက်သရေရှိရှိလှနေတဲ့ တွားသွားသတ္တဝါဖြစ်အောင် ဂျီဂျီ့ကို ဖန်တီးပေးထားတဲ့ Julien MacDonald ရဲ့စိတ်ကူးနောက်တစ်မျိုးပါပဲ။ ဝတ်စုံနဲ့လိုက်ဖက်တဲ့ Choker လည်စည်းကို ဆင်မြန်းလိုက်တေ့ လုံးဝပြည့်စုံလှပသွားပါတယ်။

၅။ လည်ပင်းပြည့် ဂါဝန်နက်

 

ဂျီဂျီဟာ AMAs ညမှာ ဒီဇိုင်း လုံးဝမထပ်စေရတဲ့ ဝတ်စုံတွေကို တစ်ညတည်း ဝတ်ဆင်ပြနိုင်တယ်ဆိုတာကို ဒီဝတ်စုံက ထပ်မံ သက်သေထူလိုက်ပြန်ပါတယ်။

၆။ တစ်ဆက်တည်း ဝတ်စုံပါး

 

ဂျီဂျီဟာ AMAs ပွဲကို ပေါ့ပါးလွတ်လပ်တဲ့ တစ်ဆက်တည်းဝတ်စုံလေးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ပါးလွှာလှတဲ့ ဂါဝန်လေက သူမရဲ့ပန်းထိုးအတွင်းခံဝတ်စုံလေးကို ဖော်ပြပေးထားပါတယ်။ ဒီပွဲအပြီးမှာ ကျင်းပမယ့် ပါတီပွဲအတွက်လည်း အဆင်ပြေနေတဲ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ။

Source & Photos : ST

Share

Loading Next Article...
က္က