ပတ္တမြားနဲ့ ရွှေ အလှဆင်ထားတဲ့ ဝတ်စုံမှာ ဘီတင်တွေ လက်နဲ့ ချုပ်ထားတာဟာ အနုစိတ်လွန်းတာကြောင့် နာရီ ၆၀၀ကြာတယ်ဆိုတာ အဆန်းတော့ မဟုတ်ဘူးလို့ ဆိုရမှာပါ။

ဒီအပတ်အစောပိုင်းတုန်းက နယူးယောက်မြို့မှာ ကျင်းပသွားတဲ့ Met Gala ပွဲမှာ ဘယ်သူတွေ ဘာတွေဝတ်လာသလဲဆိုတာ အရင်တခါက ဖော်ပြခဲ့ပါတယ်။ Met Gala ရဲ့ အဆန်းဆုံးနဲ့ အလန်းဆုံး ဖက်ရှင်တွေထဲကမှ လူပြောအများဆုံး ဝတ်စုံတစ်ခုကတော့ ဟောလိဝုဒ်မင်းသမီး Blake Lively ရဲ့ ကြက်သွေးရောင် Versace ဝတ်စုံပဲဖြစ်ပါတယ်။

 

Blake Livelyဟာ ပြီးခဲ့တဲ့မတ်လက ဒီနှစ် Met Gala ပွဲမှာ ဝတ်မယ့် ဝတ်စုံက နာရီ ၆၀၀ကျော်ကြာအောင် ဖန်တီးခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒါကြောင့် တနင်္လာနေ့ညက အခမ်းအနားမှာတော့ ဓာတ်ပုံဆရာအများစု နဲ့ မီဒီယာတွေက သူ့ရဲ့ ဝတ်စုံကို အာရုံစိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ပတ္တမြားနဲ့ ရွှေ အလှဆင်ထားတဲ့ ဝတ်စုံမှာ ဘီတင်တွေ လက်နဲ့ ချုပ်ထားတာဟာ အနုစိတ်လွန်းတာကြောင့် နာရီ ၆၀၀ကြာတယ်ဆိုတာ အဆန်းတော့ မဟုတ်ဘူးလို့ ဆိုရမှာပါ။

အပေါ်က ကျောက်ရောင်စုံစီခြယ်ထားတဲ့ ကော့ဆက်အင်္ကျီကလည်း သေသပ်လှပလွန်းတဲ့အတွက် သွယ်လျတဲ့ မင်းသမီးရဲ့ ခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုပြီးပေါ်လွင်စေတာကြောင့် Met Gala ရဲ့ “Heavenly Bodies: Fashion and Cathonic Imagination”ဆိုတဲ့ theme နဲ့လည်း လိုက်ဖက်စေခဲ့ပါတယ်။

 

ဒါ့အပြင် ဆံပင်ကို ဆံထုံးလေးထိုးထားပြီး ရွှေရောင် ဆံထိုးလေးတွေထိုးထားတာဟာလည်း မင်းသမီး Blake Lively ကို ကျက်သရေရှိတဲ့ အလှနဲ့ ပြည့်စုံစေခဲ့ပါတယ်။

Share

Loading Next Article...
က္က