အသက်အရွယ်ကြီးလာတဲ့အမျှ အရေပြား လျော့တွဲလာတာက သဘာဝဖြစ်စဉ် တစ်ခုပါ။
 

မျက်လုံးအောက်မှာ ကျီးခြေရာလို့ခေါ်တဲ့ အရေးအကြောင်းတွေ ပေါ်လာမယ်။ မျက်နှာမေးစေ့အောက်ပိုင်းမှာ ပိုသိသာတတ်ပါတယ်။ ဒါဟာ အသားအရေတင်းရင်းစေဖို့ လိုအပ်တဲ့ အီလက်စတင်နဲ့ ကော်လာဂျင်တို့ ဆုံးရှုံးမှုကြောင့်ဖြစ်ရတာပါ။ အရေပြားလျော့တွဲမှုကို ပြန်တင်းရင်းအောင် မျက်နှာနဲ့လည်ပင်းတွေကို ဘိုတောက်စ် (Botox) အသားအရေတင်းစေတဲ့ ဓာတုပစ္စည်းတွေ သုံးကြတယ်။ တကယ်က အောက်ပါ အိမ်သုံးနည်းတွေလည်း သုံုးနိုင်ပါတယ်။

၁။ကြက်ဥအကာ၊ဘဲဥအကာ နဲ့ သံလွင်ဆီ

မျက်နှာပေါ်မှာ ကြက်ဥအကာ/ဘဲဥအကာကို သံလွင်ဆီနဲ့ရောပြီးလိမ်းရင် အရေပြား လျော့တွဲမှုနဲ့ အရေးကြောင်းတွေကို လျော့ကျစေပါတယ်။ ကြက်ဥ/ဘဲဥအကာက အရေပြားမှာ ကော်လာဂျင် ထုတ်လုပ်မှုအားကောင်းစေပြီး သံလွင်ဆီက အသားအရေကိုစိုပြည်စေပါတယ်။

၂။ငှက်ပျောသီး၊ ပျားရည်နဲ့ သံလွင်ဆီ

ငှက်ပျောသီးမှည့် တစ်လုံးကို ကြိတ်ချေလိုက်ပါ။ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကိုရောထည့်လိုက်ပါ။ မျက်နှာပြင်အနှံ့ လိမ်းထားပေးပါ။ အရေပြားမှာ အစိုဓာတ်ထိန်းပေးတဲ့အပြင် မျက်နှာအသားအရောင် မညီမညာဖြစ်ခြင်းကို ညှိပေးပါတယ်။

၃။နနွင်းမှုန့်နဲ့ ရေ

နနွင်းမှုန့်နဲ့ ရေကို စေးပျစ်အောင် ရောမွှေပြီး မျက်နှာ အရေပြားအနှံ့ညီညီမျှမျှလိမ်းလိုက်ပါ။ ၁၅ မိနစ်လောက်ပဲ ထားပါ။ ခြောက်သွားပြီလို့ ခံစားရတာနဲ့တစ်ပြိုင်နက် ရေခဲရေ အေးအေးနဲ့ ဆေးကြောလိုက်ပါ။ အံ့သြစရာကောင်းလောက်အောင် မျက်နှာကို တင်းရင်းသွားစေပြီး အမာရွတ်ကိုလည်း ပျောက်စေနိုင်ပါတယ်။

၄။စတော်ဘယ်ရီသီးနဲ့ ဒိန်ချဉ်

ကြိတ်ချေထားတဲ့စတော်ဘယ်ရီသီး အနည်းငယ်ကို ဒိန်ချဉ်နဲ့ရောပြီး အနှစ်ပျစ်ပျစ်ရအောင်လုပ်ပြီး မျက်နှာအနှံ့ သုတ်လိမ်းပေးပါ။ ၁၀မိနစ်လောက်နေရင် ရေဆေးချပါ။ တိုနာလိုမျိုးအစွမ်းသတ္တိရှိတာမို့

ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။

၅။ခရမ်းချဉ်သီးအရည်

ခရမ်းချဉ်သီးအရည်ကိုမျက်နှာအရေပြားအနှံ့သုတ်လိမ်းကာ လက်ချောင်းထိပ်များဖြင့် စက်ဝိုင်းပုံစံအတိုင်း ညင်ညင်သာသာ နှိပ်နယ်ပါ။ အချိန် ငါးမိနစ်လောက်နှိပ်ပေးပြီးရင် ရေအေးနဲ့ ဆေးကြောလိုက်ပါ။ အင်္ဆတစ်ပါတ် ၂ ခေါက်လောက်လုပ်ပေးတာနဲ့ သိသိသာသာတင်းရင်းလှပစေမှာပါ။

Source : Life Hack

Share

Loading Next Article...
က္က