Time's Up ကို နေရာတိုင်းမှာ တွေ့လာရပါပြီ။

BRIT Awards 2018 ကို ဗုဒ္ဓဟူးနေ့ ညပိုင်းက လန်ဒန်မှာပြုလုပ်သွားခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု၊ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့ Time's Up လှုပ်ရှားမှုကိုလည်း BRIT Awards ဆုပေးပွဲမှာ အနုပညာရှင်တွေက ဆက်လက်ဆင်နွှဲကြပါတယ်။ ဒီပွဲမှာတော့ အနက်ရောင်တွေကို မဝတ်ကြပါဘူး။ ဂရမ်မီဆုပေးပွဲတုန်းကလိုပဲ အဖြူရောင်နှင်းဆီတွေကို ကိုင်လာကြတာ တွေ့ရတယ်။



 

The New Rules ၊ IDGAF သီချင်းတွေနဲ့ မြန်မြန်ဆန်ဆန် နာမည်ကျော်လာတဲ့ အဆိုတော် Dua Lipa ဟာ ဒီပွဲမှာ အလှဆုံးလို့တောင် ပြောရမယ်။ အထပ်ထပ်တွေ အများကြီးပါတဲ့ ပန်းရောင်ဂါဝန်လေးနဲ့ သိပ်ကိုလှနေခဲ့တာ။ လက်ထဲမှာလည်း နှင်းဆီဖြူကို ကိုင်ထားတယ်။

 

Emma Bunton ကတော့ အနက်ရောင် PVC ကုတ်ကို ဝတ်လာခဲ့တယ်။ ခုနောက်ပိုင်းမှာ PVC တွေကို အဝတ်များလာကြပါတယ်။

 

အစိမ်းရောင်ပေါ်မှာ ဇာဖောက်ထားတဲ့ dress လေးနဲ့ Rochelle Humes ကလည်း နှင်းဆီဖြူတစ်ပွင့်ကို ကိုင်လာခဲ့တယ်။ ညိုစိမ့်စိမ့်အသားအရေနဲ့ အစိမ်းရောင်က ဆွဲဆောင်မှုတွေ ပိုပေါ်လာစေသလိုပဲ။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က