ကျစ်ဆံမှီးတွေ၊ ဆံထုံးဆန်းဆန်းလေးတွေ၊ ပန်းသရဖူးလေးတွေ၊ အမွှေးဖွအိတ်လေးတွေ နဲ့ ဆိုရင် နာမည်ကျော် Coachella ဂီတပွဲတော် သွားမယ့် ဖက်ရှင်တွေပါပဲ။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နှစ်စဉ်ကျင်းပတဲ့ Coachella ဂီတပွဲတော်ဟာ နာမည်ကျော်တေးသံရှင်တွေ၊ ဒီဂျေတွေပါဝင်တဲ့ အမေရိကမှာ အကြီးကျယ်ဆုံးဂီတပွဲတော်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။



ဒါ့အပြင် Coachella ဖက်ရှင်ဟာဆိုရင်လည်း တစ်နှစ်တာအတွက် နာမည်အကြီးဆုံးဖက်ရှင်တစ်ခုလို့ပြောလည်း မမှားပါဘူး။

Coachella ပွဲတော်ဟာ နာမည်ကြီးဟောလီဝုဒ်အနုပညာရှင်တွေ၊ စူပါမော်ဒယ်တွေ အများဆုံးတက်ရောက်ကြလို့ သူတို့ရဲ့ ဖက်ရှင်ကို မလွတ်တမ်းစောင့်ကြည့်ရတဲ့ ဂီတပွဲလည်းဖြစ်ပါတယ်။

 

အရောင်စုံ၊ ဒီဇိုင်းစုံအမျိုးမျိုးဝတ်ကြတဲ့ Coachella ဖက်ရှင်မှာ ခေါင်းလောင်းဘောင်းဘီ၊ ခေါင်းစည်းပုဝါ၊ အမွှေးဖွအိတ်နဲ့ဟစ်ပီဖက်ရှင်တွေ၊ ပန်းသရဖူလေးတွေ နဲ့ ဘိုဟီမီယန် ဂါဝန်လှလှလေးတွေပါသလို ဂျင်းဘောင်းဘီအတို၊ ချက်ပေါ် crop-top လေးတွေနဲ့ rave ဖက်ရှင် တွေလည်းပါဝင်ပါတယ်။

Coachella ဖက်ရှင်မှာ အလန်းတွေတင်မက အဆန်းတွေလည်းပါပါတယ်။

 

နွေရာသီကို ကြိုဆိုတဲ့ Coachella ဂီတပွဲတော်ကို ကယ်လီဖိုးနီးယားပြည်နယ် Palm Springs အရပ်နားက Indio မှာ ဧပြီလ ၁၃ရက်ကနေ ၁၅ရက်၊ တခါ ဧပြီလ ၂၀ရက်ကနေ၊ ၂၂ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး Beyonce၊ Eminem၊ The Weekend တို့လို နာမည်ကျော်တေးသံရှင်ပေါင်းများစွာ ပါဝင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က