၃ ကြိမ်လောက် သုံးပြီးရင်ကိုပဲ အသားအရေက သိသိသာသာ ကြည်လင်လာပါတယ်။
 

ကော်ဖီနဲ့ပြုလုပ်ထားတဲ့ ချေးချွတ်ခရင်မ် (coffee scrub) အကြောင်းကိုတော့ အထူးတလည် ပြောနေဖို့တောင် မလိုတော့ဘူးလို့ ထင်ပါတယ်နော်။ အသားအရေကို ကြည်လင်စိုပြေစေပြီး ုနူးညံ့စေပါတယ်။ အထူးသဖြင့် အသားအရောင်မညီတာတွေကို သိသိသာသာ လျှော့ချပေးပါတယ်။ Coffee Scrub ကို ဈေးကွက်မှာ အမှတ်တံဆိပ်အမျိုးမျိုးနဲ့ ရနိုင်ပေမဲ့ ကိုယ်တိုင်ပြုလုပ်ကြည့်ချင်တယ်ဆိုရင်တော့ အလွယ်ဆုံးနည်းကို ပြောပါ့မယ်။

 

လိုအပ်တဲ့ပစ္စည်းတွေကတော့ - ကော်ဖီစေ့ကိုကြိတ်ထားတဲ့ ကော်ဖီမှုန့်စစ်စစ် ၁ ခွက်၊ သကြား (သို့မဟုတ်) ဆား ၁ ခွက်၊ ကိုကိုးမှုန့် ထမင်းစားဇွန်း ၁ ဇွန်း၊ အယ်လ်မွန်အဆီ ခွက်တစ်ဝက်နဲ့ ပျားရည် လက်ဖက်စားဇွန်း ၁ ဇွန်းစာတို့ ဖြစ်ပါတယ်။ သကြားကတော့ အသားကိုပိုမိုစိုပြည်စေပါတယ်။ ဆားကတော့ ကြေးညှော်တွေကပ်လို့ ညစ်နွမ်းနေတဲ့အသားအရေကို ပြန်ကောင်းစေပါတယ်။

 

ခွက်တစ်လုံးထဲကို ကော်ဖီ၊ သကြား (ဆား)၊ ကိုကိုးမှုန့်တို့ကိုထည့်ပြီး အားလုံးသမအောင် မွှေပါ။ အမှုန့်တွေအားလုံး သမသွားပြီဆိုတော့မှ အယ်လ်မွန်အဆီနဲ့ ပျားရည်ကို ထပ်ထည့်ရပါမယ်။ အားလုံးကိုလည်း အနှစ်လိုဖြစ်လာအောင် နှှံ့နှံ့စပ်စပ်မွှေပါ။ မွှေတဲ့အခါ သန့်ရှင်းတဲ့ဇွန်းကိုသာ သုံးသင့်ပါတယ်။ အားလုံးသမသွားရင် အဖုံးပါတဲ့ ပုလင်းတစ်ခုထဲကိုထည့်သိမ်းလို့ရပါပြီ။ ရေချိုးခါနီးတိုင်း မျက်နှာနဲ့ခန္ဓာကိုယ်ကို ပွတ်တိုက်မေးမယ်ဆိုရင် အသားအရေ ပျက်စီးတာတွေလည်း သက်သာစေပါလိမ့်မယ်။ သုံးပြီးတိုင်း ဘူးကိုလေလုံအောင် ပိတ်ထားဖို့တော့လိုတာပေါ့။ ခဲသွားရင် မသုံးပါနဲ့တော့။

 

Source : Cosmo

Share

Loading Next Article...
က္က