Belle ၊ Ariel ၊ Rapunzel ၊ Aurora ၊ Snow White နဲ့ Cinderella ဇာတ်ကောင်လေးတွေရဲ့ ဝတ်စုံတွေ.....

ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ Disney ကာတွန်းကားတွေထဲမှာ မင်းသမီး၊ မင်းသားလေးတွေရဲ့ ဝတ်စုံတွေက ပျိုမေလေးတို့ရဲ့စိတ်ကူးထဲမှာ နေရာယူခဲ့မှာပဲနော်။ ဟုတ်တယ်မဟုတ်လား။ မင်းသမီးလေးတွေရဲ့ ဂါဝန်တွေက ကားကားကြီးတွေနဲ့ အရမ်းကို ဝတ်ချင်ခဲ့တာလေ။ ဒီလိုဝတ်စုံတွေ အပြင်မှာ တကယ်ရှိပါတယ်။

 

ဂျပန်နိုင်ငံက မင်္ဂလာဝတ်စုံကုမ္ပဏီ Kuraudia Co က ဒီလအစောပိုင်းမှာ Disney ကာတွန်းထဲက မင်းသမီးလေးတွေရဲ့ ဝတ်စုံအတိုင်း ချုပ်လုပ်ထားတဲ့ သတို့သမီးဂါဝန်တွေကို မိတ်ဆက်ခဲ့တယ်။ Disney နဲ့လည်း သဘောတူချက် ရယူပြီး ချုပ်လုပ်ခဲ့တာပါ။

 

Belle ၊ Ariel ၊ Rapunzel ၊ Aurora ၊ Snow White နဲ့ Cinderella ဇာတ်ကောင်လေးတွေရဲ့ ဝတ်စုံတွေကို  အစုံပေါင်း ၄၀ ချုပ်လုပ်ခဲ့ပါတယ်။

 

သတို့သမီးဂါဝတ်တစ်ထည်ရဲ့ ငှားရမ်းဈေးက အမေရိကန်ဒေါ်လာ ၃၆၀၀ ကနေ စပြီး ဈေးအမျိုးမျိုးရှိပါတယ်။ ယခုနှစ် နိုဝင်ဘာမှာ စတင်ငှားရမ်းနိုင်တော့မှာပါ။ Disney မင်းသမီးလေးတွေရဲ့ဒီဇိုင်းနဲ့ သတို့သမီးဂါဝန်တွေကို သတို့သားနဲ့လိုက်ဖက်အောင်လည်း ရရှိနိုင်မှာဖြစ်ပါတယ်။

 

ဂျပန်မှာပဲ စတင်ရရှိနိုင်မယ်လို့ သိရသေးတယ်။ တခြားနိုင်ငံတွေကို ရောင်းပါ့မလားဆိုတာတော့ မကြေညာသေးပါဘူး။

see also 

 

Source : Cosmo

Share

Loading Next Article...
က္က