မြင်ရတဲ့လူတွေမှာ ပါးစပ်အဟောင်းသားနဲ့ ခြောက်ခြားသွားရတယ်။

ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် Gucci ရဲ့ ရှိုးပွဲတစ်ခုဟာ ဖက်ရှင်လောကမှာ ဂယက်ထသွားတယ်။ ရှိုးလျှောက်တဲ့ မော်ဒယ်တွေ လက်ထဲမှာကိုင်လာတဲ့ ပစ္စည်းတွေက တကယ်ကို ကြောက်စရာကြီးတွေပါ။ ဒါမျိုးလည်း မမြင်ဖူးတော့ မြင်ရတာ ခြောက်ခြားစရာပါပဲ။



 

Gucci ရဲ့ Fall/Winter 2018 ကို ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက မီလန်မြို့ရှိ Gucci Hub မှာ ပြုလုပ်ခဲ့ပါတယ်။ Creative Director Alessandro Michele ရဲ့စိတ်ကူးနဲ့ ရှိုးပွဲမှာ အထူးအဆန်းတွေကို လုပ်ပြသွားခဲ့တယ်။ မော်ဒယ်တွေဟာ ခေါင်းပြတ်တွေကိုကိုင်ပြီး ရှိုးလျှောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။

 

အပြင်အဆင်ကိုလည်း ခွဲစိတ်ခန်းပုံစံ ပြုလုပ်ထားတယ်။ ခွဲစိတ်ကုတင်၊ မီးလုံးနဲ့ ခွဲစိတ်ခန်းသုံးအရောင်ဖြစ်တဲ့ အစိမ်းရောင်နောက်ခံကိုလည်း ထည့်သွားထားတယ်။ ခွဲခန်းနဲ့၊ ခေါင်းပြတ်တွေနဲ့ဆိုတော့ မြင်ရသူတွေမှာ မျက်လုံးတွေပြူးကျယ်သွားရတော့တယ်လေ။

 

ရှိုးလျှောက်တဲ့မော်ဒယ်ဟာ သူ့မျက်နှာအတိုင်း တစ်ထပ်တည်းတူတဲ့ ခေါင်းပြတ်အရုပ်ကို ကိုင်ပြီးလျှောက်သွားခဲ့တာပါ။ ဆံပင်နဲ့ မိတ်ကပ်ကအစ တစ်ထပ်တည်းတူနေတော့ မြင်ရတာ ကြက်သီးထစရာလည်းကောင်းတယ်။ တချို့မော်ဒယ်တွေကတော့ နဂါးရုပ်ကို ကိုင်ပြီးလျှောက်တာလည်း တွေ့ခဲ့ရပါတယ်။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က