မြန်မာကျပ်ငွေနဲ့ဆို သိန်း ၁၃၀ ကျော်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် လှလှပပလေးလည်း မြင်ချင်တယ်။ အဲ့ဒီအတွက် အသုံးအဆောင်ပစ္စည်းတွေကအစ လှတပတလေးတွေပဲ သုံးချင်ပါတယ် ဆိုသူလေးတွေအတွက် hair dryer အသစ်တစ်ခု ထွက်လာပါတယ်။ လှလည်းလှသလို ဈေးလည်းကြီးတဲ့ hair dryer က swarovski ကျောက်တွေနဲ့ အလှဆင်ထားတာပါ။

 

Prete အမှတ်တံဆိပ်က ထုတ်လုပ်ထားတာဖြစ်ပြီး ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး blow-dryer ဖြစ်တယ်လို့တောင် ပြောရမယ်ထင်တယ်။ Dryer တစ်ခုလုံးကို လက်ကိုင်ပါမကျန် ခရစ္စတယ်ကျောက်တွေ ကပ်ထားတာပါ။ ကျောက်အလုံးရေ ၅၀၀၀ ဝန်းကျင်လောက်ရှိတယ်။ ဒီလိုမျိုးလှပတဲ့ hair dryer ကို ဝယ်မယ်ဆို တစ်ခုကို ဒေါ်လာတစ်သောင်း ပေးရပါလိမ့်မယ်။

 

ဈေးကို ကြားတာနဲ့တင် ဖျားသွားလောက်မယ်နော်။ ဒေါ်လာတစ်သောင်းဆိုတာ မြန်မာကျပ်ငွေနဲ့ဆို သိန်း ၁၃၀ ကျော်ပါတယ်။ တကယ်သုံးဖို့ထက် အလှထိုင်ကြည့်နေဖို့ပဲကောင်းတော့တယ်။

 

ဒါပေမဲ့ ဒီလိုမျိုး ဈေးကြီးပေးဝယ်ရတာနဲ့ တန်အောင်လည်း ကုမ္ပဏီဘက်က ခံစားခွင့်တွေ ပေးထားသေးတယ်။ တစ်နှစ်အတွင်း blowout ကြိုက်သလောက်လုပ်ခွင့်ပေးတယ်။ ပြီးတော့ အကျိုးအမြတ် ၁၀၀ % လုံးကို တိရစ္ဆာန်တွေစမ်းသပ်အကြမ်းဖက်ခြင်းကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းအတွက် လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။ အမှတ်ရလည်းဖြစ်စေမယ့် ပစ္စည်းလေးတစ်ခု ဆိုပေမဲ့လို့ တကယ်သုံးဖို့ထက် လှူဖို့အတွက်နဲ့အလှကြည့်ဖို့အတွက်သာ ဝယ်ကြရမယ့်သဘောပါပဲ။

Source : Cosmo

Share

Loading Next Article...
က္က