မိန်းကလေးအများစုဟာ သံလွင်ဆီကိုကော၊ ပျားရည်ကိုပါ ဆံသားပြဿနာတွေကို ဖြေရှင်းဖို့အတွက် အသုံးပြုခဲ့ကြပြီးသားပါ။

သံလွင်ဆီကို အစားအစာထဲမှာထည့်လို့ရတဲ့ ဆီတစ်မျိုးအဖြစ်ကော၊ ဆံပင်နဲ့ အရေပြားပေါ်မှာ လိမ်းလို့ရတဲ့ ဆီတစ်မျိုးအဖြစ်ပါ နှစ်ရာနဲ့ချီပြီး အသုံးပြုလာခဲ့ကြပါတယ်။ ရှေးဟောင်းဂရိဒဏ္ဍာရီတွေအရဆိုရင် နတ်ဘုရား ပိုစိုက်ဒွန်နဲ့ နတ်ဘုရားမ အေသီနာတို့ဟာ ဂရိနိုင်ငံ အေသင် (Athens) မြို့ရဲ့ ကိုးကွယ်ခံနတ်ဘုရားအဖြစ် ရွေးချယ်ခံရဖို့ ယှဉ်ပြိုင်ခဲ့စဉ်တုံးက နတ်ဘုရား ပိုစိုက်ဒွန်ဟာ ရေပန်း (fountain) တစ်ခုကို ဖန်ဆင်းပေးခဲ့ပြီး နတ်ဘုရားမ အေသီနာကတော့ သံလွင်ပင်ကို ဖန်ဆင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

 

အေသင်မြို့သားတွေဟာ သံလွင်ပင်နဲ့ သံလွင်သီးရဲ့အသုံးဝင်ပုံကို နားလည်သဘောပေါက်ပြီး အေသီနာကို ကိုးကွယ်ရာ နတ်ဘုရားမအဖြစ် ရွေးချယ်ခဲ့ကြပါတယ်တဲ့။ တကယ်တမ်းမှာလည်း သံလွင်ဆီရဲ့အသုံးဝင်မှုတွေက များပြားစုံလင်လှပါတယ်။

သဘာဝအချိုရည်တစ်မျိုးဖြစ်တဲ့ ပျားရည်ဟာလည်း ထိုနည်း၎င်းပါပဲ။ အစားအစာတွေကို အရသာပိုမိုကောင်းမွန်စေဖို့အတွက် အသုံးပြုနိုင်သလို အလှအပရေးရာကိစ္စရပ်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် ဆံသားနက်မှောင်ရေးနဲ့ ဆံသားကျန်းမာရေးကို ပျားရည်က အကောင်းဆုံး ကူညီထောက်ပံ့ပေးနိုင်တာကို တွေ့ရှိရပါတယ်။

 

မိန်းကလေးအများစုဟာ သံလွင်ဆီကိုကော၊ ပျားရည်ကိုပါ ဆံသားပြဿနာတွေကို ဖြေရှင်းဖို့အတွက် အသုံးပြုခဲ့ကြပြီးသားပါ။ အနည်းဆုံးတော့ သူတို့ အသုံးပြုနေကျ ဆံပင်အလှကုန်ပစ္စည်းတွေမှာ ဒီပစ္စည်း (၂) မျိုးက ပါဝင်ပစ္စည်းအဖြစ် ပါဝင်တတ်ပါတယ်။ ဒါပေမယ့် သံလွင်ဆီနဲ့ ပျားရည်ကိုရောစပ်ပြီး ဆံသားအထူးကောင်းမွန်စေတဲ့ hair mask လေး ပြုလုပ်လို့ရတယ်ဆိုတာကိုကော သိကြပါသလား။

ပြုလုပ်နည်း

Honey-And-Olive-Oil-Hair-Mask.jpg 

ဒီ hair mask လေး ပြုလုပ်ဖို့အတွက်တော့ ပန်းကန်လုံးတစ်လုံးရယ်၊ ပျားရည်ရယ်၊ သံလွင်ဆီရယ်ပဲ လိုအပ်ပါတယ်။ အရင်ဆုံး ပန်းကန်လုံးတစ်လုံးထဲမှာ ပျားရည် (၄) ဇွန်းခန့်ရယ်၊ သံလွင်ဆီ (၅) ဇွန်းခန့်ရယ်ကို ထည့်ပြီး ဇွန်းတစ်ချောင်းနဲ့ သမအောင် မွှေပေးလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့အနှစ်ကို ဆံပင်ပေါ်ကို အသာလေးလိမ်းပေးနိုင်ပါပြီ။

ဆွဲဆောင်မှုအားကောင်းတဲ့ လူတစ်ယောက်ဖြစ်လိုတယ်ဆိုရင် 

အဲဒီမှာ တစ်ခုသတိထားရမှာက ဦးရေပြားအတွင်းထိ စိမ့်ဝင်အောင်လိမ်းပေးဖို့နဲ့ ဆံသားအရင်းကနေ အဖျားထိ သေသေချာချာလိမ်းပေးဖို့ပါပဲ။ ပြီးရင်တော့ ဆံပင်ကိုပြန်ထုံးပြီး ရေချိုးရင်သုံးတဲ့ shower cap လေးနဲ့ အုပ်ထားပေးလိုက်ပါ။ ပြီးရင် မိနစ် (၃၀) အနည်းဆုံး ထားပေးလိုက်ပါ။ မိနစ် (၃၀) ပြည့်ရင်တော့ ရေနဲ့ပြန်ဆေးချပေးနိုင်ပါပြီ။ ပျားရည်က စေးကပ်တတ်တဲ့ သဘောရှိတော့ လွယ်လွယ်နဲ့တော့ ပြောင်စင်အောင် ပြန်ဆေးချလို့မရနိုင်ပါဘူး။

ဒါကြောင့် အနည်းဆုံး (၂) ကြိမ်လောက်တော့ ခေါင်းလျှော်ရည်ကောင်းကောင်းနဲ့ ပြန်လျှော်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ပြီးရင်တော့ ပျော့ဆေးကောင်းကောင်းလည်း သုံးပေးလိုက်ပါဦး။

နောက်ပိုင်းမှာ မဒီလေးတို့ရဲ့ဆံကေသာလေးတွေဟာ ပိုမိုနက်မှောင်၊ တောက်ပြောင်၊ ပျော့ပြောင်း၊ တောက်ပလာတာကို တွေ့ရှိရမှာပါ။ Hair Mask မသုံးခင်က ဆံသားအခြေအနေနဲ့ hair mask သုံးပြီးနောက်ပိုင်း ဆံသားအခြေအနေ မတူညီတော့ဘဲ သိသိသာသာကြီး ပြောင်းလဲသွားတာကို တွေ့မြင်ရမှာပါ။ ဒီ hair mask လေးကို တစ်ပတ်တစ်ကြိမ် အနည်းဆုံး အသုံးပြုနိုင်ပါတယ်။

Source: Youngisthan

 

Share

Loading Next Article...
က္က