Marry: သတို့သမီးလေးအတွက် လိုအပ်တဲ့ Accessories လေးတွေ

ယခုဆောင်းပါးကို Duwun နဲ့ www.marry.com.mm တို့မှပူးပေါင်းတင်ဆက်ထားပါတယ်။

မိန်းကလေးတွေ ဆိုတာမျိုးက သာမန်အပြင်သွားဖို့အတွက်တောင် ဘာဝတ်ရမလဲ ဆိုတာရယ် ကိုယ်ဝတ်မယ့် ၀တ်စုံနဲ့ ဘယ်လို Accessories လေးတွေ လိုက်ဖက်လဲ ဆိုတာရယ်၊ ဘယ်လက်ကိုင်အိတ် ကိုင်ရမလဲ၊ ဘာဖိနပ် စီးသွားရမလဲ ဆိုတာရယ်ကို  ခေါင်းပူအောင် စဉ်းစားတတ်သူတွေ မဟုတ်လား။ ဒီတော့ Big Day လို့ တင်စားရတဲ့ ကိုယ့်ရဲ့ မင်္ဂလာပွဲနေ့ အတွက်ဆိုရင်ရော . . .။ ဒဏ္ဍာရီပုံပြင်တွေထဲက နတ်သမီးလေးတွေလို ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေး ဖြစ်ချင်မှာ သေချာပေါက်ပဲပေါ့။

play

 

မင်းသမီးလေးလို လှနေဖို့ မိတ်ကပ်၊ ဆံပင် အပြင်အဆင်နဲ့ အ၀တ်အစားတွေက အရေးကြီးဆုံး ဆိုပေပမယ့် အလှအပလိုအပ်ချက်လေးတွေကို ဖြည့်စွက်ပေးမယ့် Accessoriesလေးတွေရဲ့ အရေးပါမှုတွေကိုလည်း အထင်မသေးနဲ့နော်။ သတို့သမီးလေးရဲ့ အလှကို ဆပွါးတိုးစေမယ့် Accessories လေးတွေက ဘာတွေများလဲ ဆိုတာ အလှဆုံး ဖြစ်ဖို့ ကြိုးစားနေတဲ့ သတို့သမီးလေးတွေ သိအောင် Marry ကပြောပြပေးချင်ပါတယ်။

 

  ပုဝါ

ဗမာ ၀တ်စုံနဲ့ပဲ ဆောင်ဆောင်၊ အနောက်တိုင်း ၀တ်စုံနဲ့ပဲဆောင်ဆောင် ပုဝါလိုအပ်တယ်လေ။

အတွင်းဝတ်အင်္ကျီ

အတွင်းခံ အ၀တ်အစားက ခန္ဓာကိုယ်ကို ပိုလှအောင် ပြုပြင်ပေးလို့ပါ။

ဆံပင်အလှဆင် ပစ္စည်း

ပန်းလေးတွေ၊ ကလစ်လေးတွေ၊ သရဖူလေးတွေ၊ ဘီးကုတ်လေးတွေက ထုံးထားတဲ့ ဆံထုံးလေးကို ပိုလှစေတာပေါ့။

ဖိနပ်

ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ဖိနပ်လှလှလေးက သတို့သမီးလေးရဲ့ ခြေလှမ်းတွေကို ပိုလှစေမှာနော်။

ရေမွှေး

သင်းပျံ့တဲ့မွှေးရနံ့လေးကြောင့် ကိုယ်ကိုယ်တိုင်ရော ဘေးနားက သတို့လေးရော၊ ကိုယ့်ကို ပွေ့ဖက် နှုတ်ဆက်ကြတဲ့ ဧည့်ပရိတ်သတ်တွေပါ စိတ်ကြည်လင်သွားမှာပါ။

play

 

လက်ကိုင်ပန်း

တချို့ကောင်မလေးတွေရဲ့ အလှချို့ယွင်းချက်တွေကို လက်ကိုင်ပန်းစည်းလေးက ဖျောက်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား။

လက်ကိုင်အိတ်

လက်ကိုင်ပန်း မကိုင်တဲ့ သတို့သမီးလေးတွေအတွက် လက်ကိုင်အိတ်လေးတော့ လိုတာပေါ့။

လည်ဆွဲဘယက်

ဝတ်စုံရဲ့ ရင်ဘတ်ဒီဇိုင်းနဲ့ လိုက်ဖက်တဲ့ လည်ဆွဲဘယက်က သတို့သမီးလေးရဲ့ အလှကို ပိုခမ်းနားစေမှာပါ။

play

 

နားကပ်

ထုံးထားတဲ့ ဆံထုံးနဲ့ ၀တ်ထားတဲ့ ၀တ်စုံကြားက လစ်ဟင်းနေတဲ့ နေရာလေးကို နားကပ်ကလေးနဲ့ ဖြည့်မယ်နော်။

 အခြားလက်ဝတ်ရတနာ

လက်ကောက် ၊ လက်စွပ်၊ ရင်ထိုးစတဲ့ လက်ဝတ်ရတနာတွေကိုတော့ ကိုယ်နဲ့ လိုက်တာတွေကို ရွေးဝတ်သင့်တယ်နော်။

 

အခု Marry ပြောပြခဲ့တဲ့ Accessories လေးတွေမှာ မသုံးမဖြစ် သုံးသင့်တဲ့ Accessories လေးတွေပါသလို မသုံးဘဲ ချန်ခဲ့လို့ရတဲ့ Accessories လေးတွေလည်း ပါပါတယ်။ အလှဆုံး သတို့ သမီးလေး ဖြစ်ဖို့အတွက်ကတော့  ကိုယ်နဲ့ လိုက်တဲ့၊ ကိုယ့်ရဲ့ အလှတွေကို ပိုပြီး ၀င့်ကြွားစေမယ့် Accessories လေးတွေကို မမေ့ခဲ့ဖို့ လိုတယ်နော်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ