မျက်နှာကို နှိပ်နှယ်ပေးတဲ့နည်းနဲ့ အသားအရေကို ကြည်လင်ဝင်းပကို ထိန်းသိမ်းပေးမှာဖြစ်ပါတယ်။

မကြာခင်မှာ ဗြိတိသျှအိမ်ရှေ့မင်းသားနဲ့ လက်ထပ်တော့မယ့် ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး Meghan Markle ဟာ မင်္ဂလာပွဲအတွက် အသားအရေထိန်းသိမ်းမှုတွေကို လုပ်နေပါပြီ။

 

 အရင်က နာမည်ကြီးစူပါမော်ဒယ် Kate Moss နဲ့ J.Lo တို့နဲ့ တွဲလုပ်ဖူးတဲ့ လန်ဒန်မြို့နေထိုင်တဲ့ အသားအရေနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ facialist Nichola Joss က တနင်္လာနေ့ကစပြီး Meghan အတွက်အသားအရေပြုပြင်မှုတွေကို လုပ်ပေးပါတော့မယ်။ စိတ်ဖိစီးမှုကအစ၊ တခြားခေါင်းကောက်ဝေဒနာတွေအကုန်လုံးကို မျက်နှာကို နှိပ်နှယ်ပေးတဲ့နည်းနဲ့ အသားအရေကို ကြည်လင်ဝင်းပကို ထိန်းသိမ်းပေးမှာဖြစ်ပါတယ်။

 

သူ့ရဲ့အသားအရေထိန်းသိမ်းနည်းတွေကတော့

မနက်ပိုင်း

Step 1: မျက်နှာကို cleasing oil နဲ့ စင်ကြယ်အောင်သန့်စင်ပြီး အပြင် နဲ့ အပေါ်ဘက်ကို နှိပ်ပေးပါ။ မျက်နှာက တစ်ရှူးတွေပြန်လည်လှုပ်ရှားလာပြီး အသားအရေကို ကြည်လင်စေပါတယ်။

Step 2: ပြီးရင် anti-aging serum လိမ်းပါ။

Step 3: ပြီးရင် day cream သို့မဟုတ် oil လိမ်းပေးပါ။

ညနေပိုင်း

Step 1: Double cleanse: ပထမအဆင့်မျက်နှာကို သန့်စင်တဲ့အခါမှာ တနေ့လုံးမျက်နှာမှာကျန်နေတဲ့ အညစ်အကြေးနဲ့ ဖုံတွေဖယ်ရှားပေးပြီး၊ ဒုတိယအဆင့်သန့်စင်တဲ့အခါမှာတော့ အတွင်းက တစ်ရှူးကို သန့်စင်ပြီး၊ အရေပြားပေါ်က pH level ကို ညှိပေးပါတယ်။

Step 2: ပြီးရင်တော့ toner လေးလိမ်းပေးပါ။

Step 3: ပြီးရင် anti-aging serum နဲ့ moisturizer ကောင်းကောင်းလိမ်းပေးပါ။

 

ညဘက်

ညဘက်ရောက်ပြီဆိုရင်တော့ အိပ်ယာမဝင်ခင်မှာ ကိုယ်နှစ်သက် face oil တစ်ခုခုကို လိမ်းပြီး ၃မိနစ်၊ ၄မိနစ်လောက်မျက်နှာကို နှိပ်နယ်ပေးပါ။ အဲဒီလို နှိပ်တဲ့အခါမှာ မျက်နှာရဲ့ အတွင်းကနေ အပြင်ဘက်နဲ့ အပေါ် နဖူးအထိ နှိပ်ပေးပါ။ နောက်မေးရိုးတွေကို နှိပ်ပေးပါ။ လက်ညှိုးနဲ့ လက်ခလယ်ကို သုံးပြီး မေးစေ့ကနေ မေးရိုးအထိ ဖိပြီး ၁၂ကြိမ်နှိပ်ပေးပါ။ ပါးရိုးတွေကိုလည်း နှိပ်ပေးပါ။

လက်ညှိုးနဲ့ နှာခေါင်းထိပ်ကနေ မျက်ခုံးရိုး နဲ့ မျက်လုံးတလျှောက်ကို ဖြည်းဖြည်းချင်းနှိပ်ပေးပါ။

နောက်ဆုံးအဆင့်အနေနဲ့ မျက်နှာတစ်ခုလုံးကို ဖြည်းဖြည်းချင်းနှိပ်နယ်ပြီး တင်းနေတဲ့ အကြောတွေဖြေလျှော့ပေးပါ။ အဲဒီနောက်မှာ လည်ပင်းနဲ့ ပုခုံးတို့ကို နှိပ်ပေးပါ။

နှိပ်လို့ပြီးသွားပြီဆိုရင် နှစ်ခြိုက်စွာ အိပ်စက်လိုက်ပါ။

Source: Vouge

Share

Loading Next Article...
က္က