ပစ္စည်းကောင်းဆိုတာ ဈေးကြီးပေးရမှ ကောင်းတာမဟုတ်ဘူး။ သိန်းချီပေးရလည်း ကိုယ့်အတွက် ကောင်းချင်မှကောင်းတာ။

Beauty Bloger တွေ အလှအပရေးရာ ဝက်ဘ်ဆိုက်နဲ့၊ ပေ့ချ်တွေမှာ နေ့တိုင်းလိုလို ပြောနေကြတာက မျက်နှာနဲ့ အသားအရေကို အစိုဓာတ်ဖြည့်ပေးဖို့၊ moisturiser လိမ်းပေးဖို့ ဆိုတာတွေချည်းပဲ။ တကယ်လည်း အရေးကြီးတယ်လေ။ မျက်နှာလေးကရေဓာတ်ပြည့်နေမှ စိုပြည်တင်းရင်းနေမှာ၊ မိတ်ကပ်မပါဘဲနဲ့လည်း လှနေသလို မိတ်ကပ်လိမ်းလို့လည်း ပိုကောင်းသွားတယ်။

 

ဒီလိုဆိုရင် ပျိုမေလေးတို့က သိချင်မှာပဲ ဘယ် moisturiser က အကောင်းဆုံးလဲဆိုတာကိုပေါ့။ ကွာလတီမြင့်မြင့်ထုတ်ထားလို့ ဈေးကြီးပေးရတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဈေးကြီးတယ်ဆိုတိုင်းလည်း ရလဒ်ကောင်းဖို့တော့ အာမမခံနိုင်ပါဘူး။ ဈေးမကြီးဘဲနဲ့ ရလဒ်ကောင်းကောင်းပေးနိုင်တာတွေလည်း ရှိတယ်။

see also 

သြစတြေးလျနိုင်ငံ စားသုံးသူစောင့်ကြည့်လေ့လာရေးအဖွဲ့ CHOICE ဟာ နာမည်ကြီးနေတဲ့ moisturiser အမှတ်တံဆိပ် ၁၃ မျိုးကို စမ်းသပ်အသုံးပြုပြီးနောက် အမှတ်ပေးခဲ့ပါတယ်။ အမှတ်ပေးတဲ့အခါ ရေဓာတ်ဖြည့်နိုင်စွမ်း၊ အသားအရေကို အစိုဓာတ်ဖြည့်ပေးတဲ့ခံစားချက်၊ ချောမွေ့မှု စတဲ့ အချက် ၃ ချက်ကို အခြေခံပြီး အမှတ်ပေးရွေးခဲ့တာပါ။ ရလဒ်တွေကို ရာခိုင်နှုန်း (%) နဲ့ ဖော်ပြပြီး ရာခိုင်နှုန်းများလေလေ ပိုပြီးကောင်းလေလေပါပဲ။

 

၁။ Estee Lauder Hydrationist Maximum Moisture Creme ကတော့ တစ်ဘူးကို ၇၅ ဒေါ်လာ ပေးရပြီး သတ်မှတ်ထားတဲ့ အချက် ၃ ချက်နဲ့ ၆၆ % ညီကာ အကောင်းဆုံးအဖြစ် CHOICE က ရွေးချယ်ထားပါတယ်။

၂။ နောက်ထပ် ၆၆ % နဲ့ ရလဒ်တူပြီး ဈေးအနေနဲ့ ၄၂ ဒေါ်လာ ပေးရတာမို့ ပိုတန် ပိုကောင်းတယ်လို့ ပြောနိုင်တာကတော့ Avene Hydrance Optimale Legere ဖြစ်ပါတယ်။

၃။ Clarins Hydraquench Cream-Gel က တစ်ဘူးကို ဒေါ်လာ ၇၀ နဲ့ ၆၆ % ပါပဲ။

 

၄။ Biotherm Aquasource Gel က တစ်ဘူးကို ၅၈ ဒေါ်လာနဲ့ ရလဒ်က ၆၅ %

၅။ အဆင့် ၅ နေရာမှာက Olay ရဲ့ Aquaction Long Lasting Hyrdation Gel က ဒေါ်လာ ၃၀ ၊ ရလဒ် ၆၃ %

၆။ The Bodyshop ရဲ့ Vitamin E Aqua Boost Sorbet ကတော့ ၂၈ ဒေါ်လာသာ ပေးရပြီး ၆၃ % သတ်မှတ်ချက်နဲ့ညီပါတယ်။

 

၇။ L'Oreal Hydrafresh Genius Multi-Active Genius Cream က ၂၄ ဒေါ်လာ၊ ရလဒ် ၆၂ %

၈။ Nivea Aqua Sensation Invigorating Day Cream ကတော့ ဈေးအသက်သာဆုံးပဲ။ ၁၁ ဒေါ်လာနဲ့ ၆၂ % ရလဒ်ရှိတယ်။

၉။ Lavera Basis Sensitive, Moisturizing Cream က ၂၃ ဒေါ်လာ၊ ရလဒ် ၆၁ %

၁၀။ Dr. Hauschka Quince Day Cream က ၅၁ ဒေါ်လာ၊ ၆၀ %

၁၁။ မြန်မာနိုင်ငံမှာလည်း လူကြိုက်များတဲ့ Dr. Wu Hydrating System Intensive Hydrating Gel With Hyaluronic Acid က ၆၀ % ၊ တန်ဖိုးအနေနဲ့ ၃၃ ဒေါ်လာ

၁၂။ Clinique Dramatically Different Moisturizing Lotion Plus က ၂၉ ဒေါ်လာ၊ ၅၉ %

 

၁၃။ La Mer The Moisturizing Gel Cream က ကမ္ဘာ့ဈေးအကြီးဆုံး moisturiser လို့တောင် ပြောရမယ်။ တစ်ဘူးကို ၂၄၂ ဒေါ်လာ ပေးရတာ။ ရလဒ်အနေနဲ့ စိတ်ကျေနပ်မှုက ၅၃ % သာ ရှိတယ်လို့ CHOICE က ထုတ်ပြန်ခဲ့ပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က