တစ်ပွဲတည်းမှာ ဝတ်စုံ ၁၀ စုံ....

၂၀၁၇ ခုနှစ်ရဲ့ MTV VMAs ဆုပေးပွဲကို တနင်္ဂနွေနေ့က ကယ်လီဖိုးနီးယားက Inglewood မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်အတွက်တော့ အခမ်းအနားမှူး (host) အဖြစ် ဆောင်ရွက်ပေးသွားတာက ပေါ့ပ်ဘုရင်မ ကေတီပယ်ရီပါ။ အသက် ၃၂ နှစ်အရွယ် အဆိုတော်မမက အစီအစဉ်မှူးအဖြစ် ဆောင်ရွက်နေစဉ်အတွင်း အဝတ်အစားကို ၁၀ စုံတောင် လဲသွားခဲ့ပါတယ်။ အားလုံးက တစ်မျိုးစီ ထူးခြားနေကြတဲ့ ဝတ်စုံတွေပါ။



 

ပွဲကို ရောက်လာတာကတော့ အဖြူရောင်ဝတ်စုံဆန်းနဲ့ပါ။ ဒီဇိုင်နာ Stephane Rolland ရဲ့ လက်ရာ ဖြစ်ပါတယ်။

 

နောက်တော့ တဖျတ်ဖျတ်တောက်နေတဲ့ ခဲပြာရောင်ဝတ်စုံကို ပြောင်းလိုက်တယ်။ ခါးအောက်ပိုင်းမှာ တစ်ခြမ်းက ဘောင်းဘီရှည်လိုဖြစ်ပြီး တစ်ခြမ်းက ရုံထားသလိုမျိုး ချုပ်ထားတာပါ။

 

အနက်ရောင်နဲ့ ရွှေရောင် ပေါင်းစပ်ထားတဲ့ ဝတ်စုံကလည်း စင်မြင့်ပေါ်မှာ သူမကို ထင်ရှားစေပါတယ်။ အနက်ခံပေါ်မှာ ရွှေရောင်စီးကွင့်တွေကို လိုင်းဖော်ထားတာဖြစ်ပါတယ်။

 

အာကာသယာဉ်မှူးဝတ်စုံကိုလည်း ဝတ်လိုက်သေးတယ်။ ဟော်လိုဂရပ်လို ရောင်ပြန်အသားနဲ့ ချုပ်ထားတာပါ။ ဝတ်စုံမှာတော့ Moonwoman ဆိုတဲ့စာသားကိုလည်း ကပ်ထားပြန်တယ်။ ပြီးတော့ လေထဲမျောနေပုံနဲ့ တင်ဆက်လိုက်သေးတာ။

တစ်လအတွင်း မျက်တောင်လေးတွေ ရှည်လာစေမယ့်နည်းလေးများ 

 

အာကာသယာဉ်မှူးဝတ်စုံအောက်မှာတော့ အသားရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ထားခဲ့တာပါ။

 

ကလေးအမေဒီဇိုင်းလည်း လုပ်ခဲ့သေးတယ်။ တကယ့်ကလေးအစစ်ကို ရင်ဘတ်မှာ သိုင်းပြီး တင်ဆက်ခဲ့တယ်။

 

Game of Thones ဇာတ်လမ်းတွဲထဲက ဒနဲရစ် တာဂါယန်ရဲ့ပုံစံ အနက်ရောင်ဝတ်ရုံကြီးကိုလည်း ဝတ်ပြန်တယ်။ နဂါးဝတ်ရုံလေး ဝတ်ထားတဲ့ ပါပီလေးကိုပါ ကိုင်ပြထားသေးတာ။

 

နောက်ဆုံးထွက်ထားတဲ့သီချင်း Swish Swish ကို နစ်ကီမီနာ့ဂျ်နဲ့အတူ သီဆိုရာမှာတော့ လူငယ်ဆန်တဲ့ ဝတ်စုံလေးနဲ့ လှနေပြန်ရော။

 

ဆုပေးပွဲအစီအစဉ် ဒုတိယပိုင်းမှာတော့ ရောင်ပြေးလေးဖြစ်နေတဲ့ မရမ်းစေ့ရောင်ဝတ်စုံကိုလည်း ဝတ်ခဲ့ပါသေးတယ်။

 

နောက်တစ်မျိုးကတော့ ငှက်တစ်ကောင်ရဲ့ပုံစံ ထည်ဝါတဲ့အသွင်နဲ့ ဝတ်စုံတစ်စုံပါပဲ။

Photo : Daily Mail, Getty, Glamour


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က