လည်ပင်းပေါ်က ကန့်လန့်ဖြတ်အစင်းကြောင်းတွေကို ပျောက်သွားစေမယ့် နည်းလမ်းပါ။
 

လည်ပင်းပေါ်မှာ ဇရာအရေးအကြောင်းတွေကို တင်းရင်းသွားအောင် ပြုလုပ်ပေးမယ့် တိပ်ကို ဖန်တီးသူကတော့ လင်ဒါ ဂိုမက်ဇ် (Linda Gomez) ပါ။ သူမဟာ နှုတ်ခမ်းသားတွေကို ၁၅ စက္ကန့်အတွင်း ဖူးဖူးလေးဖြစ်သွားစေမယ့် နှုစ်ခမ်းသားပြည့်ဖောင်းစေတဲ့ကိရိယာကို တီထွင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

 

ခုတစ်ခါတော့ သူမရဲ့ Nexsey တိပ်ဟာ မေးစေ့နှစ်ထပ်ဖြစ်နေတဲ့သူတွေ၊ လည်ပင်းအရေပြားတွဲကျနေတဲ့ အမျိုးသမီးတွေ အသည်းစွဲ အလှကုန်ပစ္စည်းတစ်ခုအဖြစ် အင်တာနက်ပေါ်မှာ ရေပန်းစားနေပါတယ်။ ဒီတိပ်ကို ဂုတ်ပိုးနေရာမှာ ကပ်ပေးလိုက်ခြင်းဖြင့် မေးစေ့အောက်ကနေ လည်ပင်းပေါ်မှာရှိတဲ့ မညီညာတဲ့ အရေးအကြောင်းတွေကို ဆွဲဆန့်လိုက်သလိုဖြစ်စေပြီး အရေပြားချောမွတ်တင်းရင်းကာ ကြော့ရှင်းတဲ့လည်တိုင်ဖြစ်စေပါတယ်။  လည်ပင်းအရေပြား တင်းရင်းစေတဲ့ Nexsey တိပ်ကို ဝယ်ချင်ရင်တော့ ကြိုမှာရမှာဖြစ်ပြီး သန်းပေါင်းများစွာသော အမျိုးသမီးများနဲ့အတူ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

 

ဆန်းသစ်တဲ့ ဒီ နည်းလမ်းက လည်ပင်းသားတွေကိုချောမွတ်နုပျိုစေပြီး ကန့်လန့်စင်းကြောင်းသာမက ဒေါင်လိုက်စင်းကြောင်းတွေပါ ပြေလျော့စေပါတယ်။လှသထက်လှ နုပျိုသထက်နုပျိုစေဖို့ဆိုတာအမျိုးသမီးတွေအတွက်အိပ်မက်ပါပဲ။ အခုတော့ အလှပြင်ခွဲစိတ်ဆရာဝန်ဆီ သွားစရာမလိုဘဲ Nexsey တိပ်သုံးပြီး ဆယ်နှစ်စာလောက် နုပျိုသွားစေနိုင်ပါတယ်။

 

 

Share

Loading Next Article...
က္က