နားအတွင်းထဲကိုထည့်ပြီး နားကြပ်ဖို့မဟုတ်ဘူးနော်။

နားကြပ်ဂွမ်းတံဆိုပြီး သုံးနေကြတဲ့ (Q-Tip) လေးတွေဟာ တကယ်တော့ နားကြပ်ဖို့ မဟုတ်ပါဘူးနော်။ ကျန်းမာရေးပညာရှင်တွေကလည်း မကြာခဏ သတိပေးပါတယ်။ Q-Tip တွေဟာ ဆေးကုသရေးပိုင်းမှာ အသုံးပြုဖို့နဲ့ အလှအပရေးရာတွေမှာ အသုံးပြုဖို့အတွက် ထုတ်လုပ်ထားတာသာ ဖြစ်ပါတယ်။ အလှအပအတွက် ဘယ်လိုတွေ သုံးမလဲဆိုတာ ဖတ်ကြည့်ပါဦး။

 

၁။ မေးရိုးကို contouring လုပ်မယ်ဆိုရင် Q-Tip လေး အသုံးပြုပြီး မျဉ်းစောင်းလေးအဖြစ်နဲ့ ချိန်ဆနိုင်ပါတယ်။

 

၂။ ဝက်ခြံညှစ်ရင် လက်နဲ့ လုံးဝ (လုံးဝ) မညှစ်ပါနဲ့။ လက်မှာကပ်နေတဲ့ ဘက်တီးရီးယားတွေကြောင့် ဝက်ခြံတွေပိုဆိုးသွားပါလိမ့်မယ်။ ဝက်ခြံညှစ်မယ်ဆိုရင် မျက်နှာကို ရေနွေးလေးနဲ့အရင်သစ်ပါ။ ရေခြောက်အောင်သုတ်ပြီးမှ Q-Tip လေးနှစ်ခုကိုသုံးပြီး ညှစ်ထုတ်နိုင်ပါတယ်။

 

၃။ နှုတ်ခမ်းနီဆိုးတဲ့အခါ အပေါ်နှုတ်ခမ်းအလယ်က အချိုင့်လေးကို နှုတ်ခမ်းနီတွေဖုံးထားရင် နှုတ်ခမ်းပုံစံလေး မပေါ်တော့ဘူး။ ဒါကြောင့် အဲ့ဒီ့နေရာလေးကို ပေါ်လွင်အောင် translucent powder (တလက်လက်တောက်ပတဲ့ပေါင်ဒါ)ကို Q-Tip လေးနဲ့ယူပြီး တို့ပေးပါ။

 

၄။ မျက်တောင်ကော့ဆေးသုံးဖို့အတွက် မျက်တောင်ကော့ပစ္စည်း (eyelashs curler) မရှိတဲ့အချိန်မျိုးမှာလည်း အစားထိုးသုံးနိုင်မယ်။ မျက်တောင်ကော့ဆေးကို နှစ်ထပ်ဆိုးပြီး မခြောက်သေးခင်မှာ Q-Tip လေးနဲ့ အပေါ်ကို ပင့်သပ်ပေးရင် မျက်တောင်လေးတွေ အပေါ်ကိုကော့ညွှတ်သွားပါလိမ့်မယ်။

Source : Beauty and Healthy

 

Share

Loading Next Article...
က္က