ငိုလိုက်တာကြောင့် မျက်နှာပေါ်မှာ မိတ်ကပ်တွေလည်းမကျန်၊ မျက်တောင်ကော့ဆေးတွေလည်း ပျက်သွားပေမဲ့ အိုင်းလိုင်နာတွေကတော့ အရာမယွင်းခဲ့ပါဘူး။

မဒီလေးတို့ ဖတ်ဖူးသမျှ beauty review တွေထဲမှာ ဒီဟာလောက် ရယ်ရတာ ရှိပါ့မလားလို့ ထင်မိတယ်။ သူ့ရဲ့အိုင်းလိုင်နာ review ဟာ တော်တော်လေး လူစိတ်ဝင်စားသွားရပါတယ်။

Shelby Pagan ဆိုတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဟိုနိုလူလူမှာ ကားမတော်တဆမှုနဲ့ ကြုံခဲ့ရပါတယ်။ အလုပ်ကနေ အိမ်ပြန်လာတုန်း ဂတ်စ်ကုန်လို့ဆင်းဝယ်ချိန် သူမကို ကားတိုက်သွားခဲ့တာပါ။ ခေါင်းပေါက်သွားပြီး ဒူးလည်းအညိုမည်းစွဲသွားခဲ့တယ်။

 

 ရှယ်လ်ဘီရဲ့အမေက ရဲတွေကိုတိုင်ကြားဖို့အထောက်အထားအနေနဲ့ ဓာတ်ပုံလိုတယ်လို့ ထင်တာကြောင့် ရှယ်လ်ဘီက အရေးပေါ်ခန်းထဲမှာ ဆေးကုသမှုယူနေရင်း ဆယ်လ်ဖီဆွဲခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီပုံကို အင်တာနက်ပေါ် တင်လိုက်ပါတယ်။

မတော်တဆမှုဖြစ်ပြီး နာကျင်လို့ ငိုလိုက်တာကြောင့် မျက်နှာပေါ်မှာ မိတ်ကပ်တွေလည်းမကျန်၊ မျက်တောင်ကော့ဆေးတွေလည်း ပျက်သွားပေမဲ့ ရှယ်လ်ဘီရဲ့အိုင်းလိုင်နာတွေကတော့ အရာမယွင်းခဲ့ပါဘူး။ အလှအပစိတ်ဝင်စားတဲ့ မိန်းကလေးတွေက ရှယ်လ်ဘီသုံးတဲ့ အိုင်းလိုင်နာကိုပဲ အာရုံစိုက်မေးမြန်းခဲ့ကြတယ်။

 

နောက်တော့ ရှယ်လ်ဘီက သူ သုံးတဲ့ အိုင်းလိုင်နာအကြောင်းကို ပုံနဲ့အတူ နောက်တစ်ကြိမ် ထပ်ပြီး တင်ခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ ဘယ်အိုင်းလိုင်နာကိုသုံးထားခဲ့လဲဆိုတောကို မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ Kat Von D, Beautycounter, Tarte, NYX နဲ့ ColourPop တို့ထဲက တစ်ခုခုကိုသုံးထားခဲ့တာဖြစ်မယ်လို့ဆိုတယ်။

 

ကားအက်ဆီးဒင့်ဖြစ်တာတောင်မပျက်လို့ နောက်ဆို အဲ့တာပဲဆက်သုံးတော့မယ်လို့ review ပေးထားတဲ့ ရှယ်လ်ဘီကို တချို့တွေက ကုမ္ပဏီဆီက အိုင်းလိုင်နာတွေအလကားတောင် ရသင့်တယ်လို့ မှတ်ချက်ပေးထားကြပါတယ်။ ဒါပေမဲ့ ဘာမှတော့ မရခဲ့ပါဘူး။

Source : Huffpost

Share

Loading Next Article...
က္က